ရဲ့ချန် အလွန့်အလွန်လှပသော ရေကန်အနားရောက်ရှိနေသည်ဟု အိပ်မက်ပြန်မက်နေသည်။ သို့သော် ဤနေရာသည်ကား ကွဲပြားခြားနားစွာ လှပသောမိန်းကလေးတွေ မရှိပေ။ ထိုနေရာက သူအရင်က မက်ခဲ့သလို မိန်းကလေးတွေမပါဘဲ လုံးဝ ဗလာဖြစ်နေသည်။
သို့သော် အရင်ကမက်ခဲ့သော အိပ်မက်နဲ့မတူညီသော်လည်း သန့်စင်သော စွမ်းအင်တွေကို ဤနေရာ၌ ခံစားမိသည်။ ရဲ့ချန် ဤကဲ့သို့ ထူးဆန်းသော အိပ်မက်ကို အရင်က မမက်ဖူးပေ။
ရဲ့ချန်လည်း ထိုနေရာက ရေကန်၏အနီးဝန်းကျင်တစ်လျှောက် ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ မြင်ရသည့် မြင်ကွင်းတွေက ရင်သပ်ရှူမောဖွယ်ရာပင်ဖြစ်ပြီး ကောင်းကင်ဘုံသို့ ရောက်ရှိနေသည့်အလားဟု ခံစားမိစေသည်။
ရဲ့ချန် သူ့ရဲ့ပါးကို ဆွဲဆိတ်ကြည့်လိုက်သည်။ " ဒါက အိပ်မက်မဟုတ်ဘူးလား။ ဘာဖြစ်လို့ တကယ့်အစစ်အမှန်လို့ ခံစားနေရတာလဲ "
" ဒါက အိပ်မက်မဟုတ်ဘူး " မိန်းကလေးတစ်ဦး၏အသံသာသာလေးက ရဲ့ချန်၏နောက်မှ ထွက်ပေါ်လာသည်။
ရဲ့ချန် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ရေကန်အထက်မှာ ပျံသန်းနေသော မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည်။ ထိုမိန်းကလေးဟာ အင်မတန် ချောမောလှပေသည်။ အဖြူရောင်နှင်းပွင့်လေးများလို အင်္ကျီလှလှလေးကို ဝတ်ဆင်ထားပြီး နုဖက်အိစက်နေသည်ဟုထင်ရသော ခန္ဓာကိုယ်ကလည်း အတော်ကို ဆွဲဆောင်မှုရှိလှသည်။ သို့သော် ထိုမိန်းကလေး၏နောက်ကျော၌ တဖျပ်ဖျပ်လှုပ်ခါနေသော အဖြူရောင်အတောင်ပံတစ်စုံတော့ ရှိသည်။ ထိုနတ်သမီးလေး၏အလှက နိူင်ငံတစ်နိူင်ငံကိုတောင် ဖြတ်စီးနိူင်စွမ်းရှိပေသည်။
" ခင်ဗျားက ဘယ်သူလဲ " ရဲ့ချန် သတိထားပြီး မေးလိုက်သည်။
" ဆရာ သတိထားနေဖို့ မလိုပါဘူး။ ကျွန်မ ရှင့်ကို ထိခိုက်အောင် ဘာမှမလုပ်ပါဘူး " နတ်သမီးလေးက ဖြေလိုက်သည်။
ရဲ့ချန် အလွယ်တကူ မယုံကြည်နိူင်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုမိန်းကလေးရဲ့ ကျင့်ကြံခြင်းအခြေခံကို သူ လုံးဝမခံစားသောကြောင့် ဖြစ်သည်။ ထိုအရာက ဖြစ်နိူင်ခြေ နှစ်မျိုးသာ ရှိသည်။ ပထမတစ်ခုက ထိုမိန်းကလေးဟာ ရဲ့ချန်ထက် အဆင့်မြင့်နေခြင်းဖြစ်ပြီး ဒုတိယတစ်ခုက ထိုနတ်သမီးလေးက အမှန်တကယ် စွမ်းအင်မရှိခြင်း ဖြစ်နိူင်သည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...