အခန်း (၉၅) လူသတ်ရန် ကြံစည်ခြင်း

265 20 0
                                    

" ယွင်ဟောက်... နင် ဘာလို့ ဒီမှာရှိနေသေးတာလဲ၊ နင့်ကို ထွက်သွားလို့ ငါ ပြောပြီးပြီလေ " ယွင်ဟောက်က သူမ​၏ကိစ္စများကို အမြဲတမ်း ဝင်ရောက် စွက်ဖက်နေသောကြောင့် ဖန်းရွှယ်က သူ့ကို အလွန်တရာ မုန်းတီးနေတော့သည်။

" အချစ်ကလေး ရွှယ်... ကိုယ် မင်းကို ဒီမိန်းမရဲ့ သီချင်းသံကနေ ကယ်တင်နေတာလေ၊ သူမ ဗျက်စောင်းတီးတာကို ငါ ကြားဖူးတယ်၊ အဲ့ဒါကြောင့် ငါ့ခေါင်းတွေတောင် အရည်ပျော်မတက်ပဲ " ယွင်ဟောက်တစ်ယောက် ဤမနက်က သူ​၏အတွေ့အကြုံကိုတောင် ပြန်လည် အမှတ်ရသွားလေသည်။

" နင် ငါ့ကို ဒီလိုပဲ ဆက်ခေါ်နေဦးမယ်ဆိုရင် ငါ နင့်ကို ဥပေက္ခာပြုထားရလိမ့်မယ်၊ ဒီလိုမှ မရဘူးဆိုရင်တော့ ငါ နင်နဲ့ ဆက်ပြီး ပတ်သက်စရာ အကြောင်း မရှိတော့ဘူး " ယွင်ဟောက်ခေါ်သော နာမည်ကြောင့် ဖန်းရွှယ်က မကျေမနပ် ဖြစ်နေတော့သည်။

" ကောင်းပြီ... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ့စကားကို နားထောင်ပေးပါ၊ ဒီမိန်းမနဲ့ သီချင်း အတူတူ မတီးပါနဲ့၊ ဒီလိုမှ မဟုတ်ရင် နင် နောင်တရလိမ့်မယ် " ယွင်ဟောက်က ဖန်းရွှယ်ကို အလေးအနက် သတိပေးလိုက်သည်။

ဖန်းရွှယ်က ယွင်ဟောက်​၏စကားများကို ဂရုမစိုက်ဘဲ စင်ပေါ်သို့ တက်သွားသည်။ ဖန်းရွှယ်က ချောင်ယမ်ယမ်တစ်ယောက် မည်မျှအထိ တူရိယတီးခတ်မှု ကျွမ်းကျင်သနည်းဟု သိလိုသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့ချန်က သူကိုယ်တိုင် ဤမိန်းကလေးကို လေ့ကျင့်ပေးထားသည်ဟု ပြောနေသည် မဟုတ်ပါလား။

ချောင်ယမ်ယမ်က ဖန်းရွှယ်နှင့်အတူ စင်ပေါ်တွင် အတူတူ သီချင်းတီးရမည်ဟု သိရသောကြောင့် အလွန်တရာ တက်ကြွနေပြီး ပျော်ရွှင်နေတော့သည်။

" ကျွန်မ ရှင့်နာမည်ကို သိလို့ရမလား " ဖန်းရွှယ်တစ်ယောက် ဤမိန်းကလေးက သူမထက် အနည်းငယ် ပိုလှကြောင်း သတိထားမိသွားသည်။ ထို့အပြင် အလွန်တရာ စိတ်ပျက်စရာကောင်းသော ရဲ့ချန်က ဤမျှ လှပသော မိန်းကလေးကို မည်သို့ ရရှိထားသနည်းဟု ဖန်းရွှယ်တစ်ယောက် သိချင်စိတ်ပေါက်သွားလေသည်။

" ကျွန်မ နာမည်က ချောင်ယမ်ယမ်ပါ " ချောင်ယမ်ယမ်က သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now