အခန်း (၂၅) လင်းရို့ချီရဲ့ ရောဂါ

395 38 0
                                    

" ရဲ့ချန် စာသင်ခန်းထဲမှာ နင့်ရဲ့ယုံကြည်မှုတွေက ဘယ်ကရလာတာလဲ..." လင်းရို့ချီက မေးလိုက်သည်။

" အခန်းထဲမှာ ဘာဖြစ်လို့လဲ ဆရာမ..." ရဲ့ချန် ဆရာမလင်းကို ရှုပ်ထွေးစွာကြည့်ပြီး မေးလိုက်သည်။

" ဟမ့်..နင်က ဒီဆရာမရဲ့တင်ပါးတွေကို တိတ်တိတ်လေးခိုးကြည့်နေတယ်ဆိုတာ တကယ် မသိဘူးလို့ ထင်နေတာလား..." ထိုသို့ပြောနေစဉ်မှာပင် ဆရာမလင်း​၏မျက်နှာက ရဲခနဲ့ ဖြစ်သွားသည်။

" ဆရာမ နားလည်မှုလွဲနေပြီ..တကယ်တော့ ကျွန်တော်ကြည့်နေတာက ဆရာမရဲ့ပေါင်တွေကိုပါ..."

" ဟမ့် ဒီတော့ နင်က ပေါင်တွေကို ကြည့်တာပေါ့..." ဆရာမလင်းရို့ချီ​၏အသံက ဒေါသသံအနည်းငယ် ရောယှက်နေသည်။

လင်းရို့ချီက တည့်တည့်စိုက်ကြည့်လိုက်ပြီ " ရဲ့ချန် နင်က အရွယ်ရောက်နေပြီဆိုတာတော့ ဟုတ်ပါတယ်..ဒါပေမယ့် နင့်ရဲ့ဆရာမကို နင့်ရဲ့စိတ်ဝင်စားစရာ အရာတစ်ခုလို့ သတ်မှတ်ရမယ်လို့ မဆိုလိုဘူး..."

ရဲ့ချန် တကယ်ကို ခေါင်းကိုက်ရသည်။ ဆရာမလင်းရို့ချီက သူ့ကို နားလည်မှုလွဲလိမ့်မည်ဟု မမျှော်လင့်ထားပေ။ " ဆရာမ ကျွန်တော်က ရိုးရိုးသားသား ပါဗျာ..ဘာစိတ်မှ မရှိပါဘူး..." ရဲ့ချန် လေးလေးနက်နက် ပြောလိုက်သည်။

ရဲ့ချန်​၏ရိုးသားသောပုံစံကို မြင်လိုက်ရပြီး လင်းရို့ချီ​၏စိတ်ထဲ အရိုင်းဆန်သွားရသည်။ " ဒီကလေးကဘာလဲ..ငါ့ကို သူ့ရဲ့ခံစားချက်တွေကို မပြောရဲတာလား..ကြည့်ရတာ သိပ်အတွေ့အကြုံမရှိပုံပဲ..." ထိုသို့တွေးတောလိုက်ပြီး လင်းရို့ချီရဲ့ စိတ်ရိုင်းတွေဟာ ပျောက်ဆုံးကုန်သည်။

ရဲ့ချန် " ဆရာမ ညကျရင် ဆရာမရဲ့ပေါင်တွေက အရမ်းနာကျင်တယ်မလား..ဒါကြောင့်ပဲ လမ်းတောင် ကောင်းကောင်း မလျှောက်နိူင်ဘူး ဟုတ်တယ်မလား.."

" ရဲ့ချန် ငါတို့က ဆရာနဲ့တပည့်ဖြစ်တာမို့..ရည်းစားတော်ဖို့က ဘယ်လိုမှ လက်ခံလို့မရဘူး..." လင်းရို့ချီက ကိုယ်ကျင့်သိက္ခာကြီးမားသော မိန်းကလေးတစ်ဦးလို ပြောလိုက်သည်။

" အာ..." ရဲ့ချန်ရဲ့စကားကို ကြားလိုက်ရပြီး သူမရဲ့အမူအယာတွေက လွန်သွားပြီဟု သိလိုက်ရသည်။ ထို့နောက် သူမ အတော်ကို အံ့အားသင့်သွားသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now