ရဲ့ချန် " တကယ်တော့ ဒီပစ္စည်းက ရောင်းပါသေးတယ်...ခင်ဗျား တကယ်စိတ်ဝင်စားလို့လား..."
" အင်း...ငါ ဒီလက်ကောက်ကို စိတ်ဝင်စားတယ်...ဒီတော့ စျေးနှုန်းက ဘယ်လောက်လဲ..." မိန်းမချောလေးက မေးလိုက်သည်။
" စျေးနှုန်းက ဒေါ်လာတစ်သိန်းပါ..." ရဲ့ချန် ချီလောင် လက်ကောက်နဲ့ ပတ်သက်ပြီး အသုံးဝင်ပုံတွေကို ရှင်းပြလိုက်သည်။
" ဒါက ရှင်အစောက ပြောသလို တကယ်ပဲ အလုပ်လုပ်တာလား..." မိန်းမချောလေးက ရဲ့ချန်၏ရှင်းပြချက်တွေကို သံသယအနည်းငယ် ဝင်နေသည်။
" တကယ်လို့ ငါသာ လိမ်ခဲ့မယ်ဆိုရင် မိုးကြိုးအချက်ပေါင်း တစ်ထောင်ကျော်လောက် အပြစ်ခံရပါစေကွာ..." ရဲ့ချန် မိန်းမချောလေး သံသယကင်းစေရန် ကြိမ်ဆိုပြီး ပြောလိုက်သည်။
" ကောင်းပြီလေ...ဒီလက်ကောက်ကို ယူမယ်..." တကယ်တော့ မိန်းကလေးမှာ သံသတွေတော့ ရှိနေဆဲပါ။ သို့သော် ဘာကြောင့်ရယ်မသိ သူမရဲ့ အလိုလိုသိစိတ်က ထူးခြားသည်ဟု ပြောနေသည်။ သူမရဲ့ အလိုလိုသိစိတ်က အလွန်ပဲ အားကောင်းလှသည်။ ထို့ကြောင့်ပင် သူမက သူမ၏အလိုလိုသိစိတ်အပေါ် အကြွင်းမဲ့ယုံကြည်ထားသည်။
" ဒီအချိန်လေးတွေမှာပဲ ငါ့အဘွားကို ဂရုစိုက်ဖို့ အခွင့်အရေးရှိတော့မယ်...စျေးနှုန်းက အရေးမကြီးဘူး..." မိန်းမချောလေးရဲ့အဘွားက နှစ်တွေအတော်ကြာအောင် နေမကောင်းဖြစ်နေခဲ့သည်။ ဒေါက်တာတွေက သူမအဘွားဟာ အသည်းကို ထိခိုက်မိထားသည်ဟု ပြောကြသည်။ သူမအဘွားရဲ့ခန္ဓာကိုယ်က တဖြေးဖြေး ပိုပိုဆိုးလာနေသည်။
ခန္ဓာကိုယ်ထဲက အဆိပ်တွေအားလုံးကို အာနိသင်ပြေလျော့စေရန် အသဲက အလုပ်လုပ်ဆောင်ပေးသည်။ အသဲကိုသာ ထိခိုက်မိထားမည်ဆိုလျှင် ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေက စုပုံလာပြီး ထိုလူကို သေစေနိူင်ပါသည်။
တကယ်တော့ ချိလောင်လက်ကောက်က မိန်းမချောလေး၏အဘွားကို ကုသနိူင်ပါသည်။ သို့သော် တစ်ခဏအတွင်း ကုသပေးနိူင်မည်ဟုတော့ မဆိုလိုချေ။ အချိန်တချို့တော့ လိုအပ်နေသေးသည်။
မိန်းမချောလေးက သူမ၏အိတ်ထဲမှ ဒေါ်လာတစ်သိန်းကို ထုတ်ယူလိုက်ပြီး ရဲ့ချန်ကို ပေးမလိုပြင် လိုက်သည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...