" ကျုပ်တို့ ဘယ်ကိုသွားမှာလဲ " ရဲ့ချန်သည် ရှားချင်ယု သွားလိုသော နေရာကို မေးလိုက်၏။
" ကြယ်နီအဆောက်အဦးဆီ မောင်း " ရှားချင်ယုက သူမသွားလိုသော နေရာကို ပြောလိုက်သည်။
ကြယ်နီအဆောက်အဦးသည် နောက်ဆုံးပေါ် ပစ္စည်း အကောင်းစားများ နှင့် ဂီတဆိုင်ရာ ဝန်ဆောင်မှုများကို စီစဉ်ပေးသော အဆောက်အဦး ဖြစ်၏။
ထို့နောက် ရဲ့ချန်သည် ကြယ်နီအဆောက်အဦးဆီသို့ ဦးတည် မောင်းနှင်လာသည်။ အစကနေ အဆုံးထိ မည်သူမျှ စကားမပြောကြသောကြောင့် လေထုက ပရမ်းပတာ ဆန်နေ၏။ ရှားချင်ယုက သူမ လက်ထဲက စာရွက်စာတန်းများကိုသာ ဖတ်ရှုနေသည် မဟုတ်ပါလား။
ရှားချင်ယုသည် အလုပ်ကိုသာ တစိုက်မတ်မတ် ဖိလုပ်နေ၏။ သူမ၏ပုံစံသည် တစ်စုံတစ်ယောက်က အနှောက်အယှက် ပေးမည်ကို လုံးဝ နှစ်သက်ပုံ မရချေ။
မိနစ်အနည်းငယ်အတွင်း ရဲ့ချန်တို့သည် ကြယ်နီအဆောက်အဦးဆီသို့ ရောက်ရှိလာကြ၏။ ဤနေရာတွင် လူပေါင်းများစွာက အဆောက်အဦးထဲသို့ ဝင်ချည်ထွက်ချည်းဖြင့် ပျားပန်းခပ် လှုပ်ရှား သွားလာနေကြသည်။
ထိုဝင်ထွက်သွားလာနေသော လူအများစုသည် ကုမ္ပဏီက အလုပ်သမားများပင် ဖြစ်ကြ၏။ သူတို့က ဤနေရာသို့ မိတ်ဆွေများဖြင့် အတူ စိတ်ညစ်မှုများကို ဖြေလျော့ရန် အရက်သောက်ခြင်း၊ အစားစားခြင်း၊ ကာရာအိုကေ သီချင်းများ သီကြခြင်း စသည်တို့ကို လာရောက် လုပ်ဆောင်ကြသည်။
ထို့နောက် ရဲ့ချန် နှင့် ရှားချင်ယုတို့သည် အဆောက်အဦး၏ အပေါ်ဆုံးအထပ်သို့ တက်လာကြ၏။
အပေါ်ဆုံး အလွှာတွင် VVIP အခန်းများ ရှိပေသည်။ ထိုအခန်းများ၏ဈေးနှုန်းသည် ဤနေရာတွင် ဈေးအကြီးဆုံး ဖြစ်၏။
ရှားချင်ယု နှင့် ရဲ့ချန်တို့သည် နံပါတ်ငါးအခန်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့နှစ်ယောက်စလုံး အခန်းထဲသို့ ဝင်လာသောအခါ ထိုနေရာတွင် အသက် ၂၃ နှစ် ဝန်းကျင်ခန့် ရှိသော လူငယ်တစ်ဦးက ရှားချင်ယု ရောက်လာမည့် အချိန်ကို စောင့်စားနေကြောင်း မြင်လိုက်ရ၏။ ထိုလူငယ်၏နောက်တွင် နေကာမျက်မှန်များ နှင့် အနက်ရောင် ကုတ်အင်္ကျီများ ဝတ်ဆင်ထားသော သက်တော်စောင့် ငါးယောက်က မတ်တပ်ရပ်နေသည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...