" မင်း ဘာကို စောင့်နေတာလဲ၊ ငါတို့ သခင်လေးကို မြန်မြန် လွှတ်ပေးလိုက်၊ မဟုတ်ရင် ဒီကောင်မလေး သေသွားလိမ့်မယ်နော် " လီဟန်က ခြိမ်းခြောက်လိုက်သည်။
ရဲ့ချန်က ယွင်ဟောက်ကို လွှတ်မပေးချေ။ " ယမ်ယမ်... နင်ရဲ့ လေ့ကျင့်ခဲ့တဲ့ ရလဒ်တွေ ဘာလို့ ထုတ်မပြသေးတာလဲ "
ယခုအချိန်တွင် ချောင်ယမ်ယမ်၏စွမ်းအားက လီဟန်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။
" သေပါပြီဗျ... " လီဟန်က နာကျင်မှုကြောင့် ငိုသံပါကြီးနှင့် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။ သူ၏မျက်နှာက ပြာနှမ်းသွားပြီး ပေါင်ကြားထဲကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလေသည်။
ချောင်ယမ်ယမ်က လီဟန်၏သေကွင်းသေကွက်ကို ဖနောင့်ဖြင့် နောက်ပြန် ကစ်လိုက်ခြင်းပင် ဖြစ်သည်။ ရဲ့ချန်တောင် ချောင်ယမ်ယမ်၏လုပ်ရပ်ကိုကြည့်ပြီး အနည်းငယ် တုန်ယင်သွားလေသည်။
ချောင်ယမ်ယမ်က ဤတိုက်ကွက်ကို မည်သည့်နေရာက သင်ယူလာသနည်း။ " ယမ်ယမ်... နင့်ဟာကြီးက မလွန်လွန်းဘူးလား၊ အဲ့ဒါ ဘယ်က သင်လာတာလဲ "
" မမယွဲ့ချန် သင်ပေးတာလေ၊ သူက ပြောတယ်၊ ဒါက ယောက်ျားတွေ အကုန်လုံးရဲ့ အားအနည်းဆုံးနေရာတဲ့ " ချောင်ယမ်ယမ်က အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြောလိုက်တော့သည်။
ရဲ့ချန်က ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။ ချူးယွဲ့ချန်က သူမကို အင်မတန့် အင်မတန် ထူးခြားသော အကွက်ကို သင်ပေးလိုက်ပုံ ပေါ်သည်။
" ဟေ့ကောင်... မင်း ငါ့ကို အခုချက်ချင်းလွှတ်၊ အေး... ဒီလိုမှ မဟုတ်ရင် မင်းမိသားစုတစ်စုလုံးကို ဒီကမ္ဘာပေါ်ကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ရလိမ့်မယ် " ယွင်ဟောက်တွင် ရဲ့ချန်ကို ခြိမ်းခြောက်ရဲ့သည့် သတ္တိ ရှိနေသေးသည်။
" ဖောင်း... " ပါးရိုက်သံကြီးတစ်သံက ရိုက်ဟည်း၍ ထွက်ပေါ်လာသည်။
" မင်းက အခုချိန်ထိ မမှတ်သေးဘူး... ဟမ်၊ အသား ထပ်နာချင်နေတာလား... ဟုတ်လား " ရဲ့ချန်က ယွင်ဟောက်၏ပါးကို အချက်ပေါင်းများစွာ ရိုက်လိုက်တော့သည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...