အခန်း (၆) ကမ္ဘာမြေဆီ ပြန်ဖို့ ပြင်ထားပါ

663 77 0
                                    

အခုချိန်မှာတော့ ရဲ့ချန် ရေကန်တစ်ကန်နား ရောက်နေပါတယ်။ ထိုအနီးဝန်းကျင်တစ်လျှောက်မှာတော့ လက်ဆက်သောရေကန်ထဲမှာ အဝတ်ဗလာဖြင့် ရေချိုးနေသော မိန်းကလေး အမြောက်အများရှိပါတယ်။ ထိုမိန်းကလေးတွေက အသက်ရှူမှားလောက်အောင်လှပသော ခန္ဓာကိုယ်ကောက်ကြောင်း၊ နှင်းကဲ့သို့ဖြူဖွေးသော အသားအရည်၊ သလင်းကျောက်လို့ ကြည်လင်သော မျက်လုံးနှင့် နတ်ဖုရားမလို မျက်နှာပုံစံရှိကြသည်။ ရဲ့ချန် ထိုနတ်ဖုရားမတွေကို ပွေ့ဖက်ပြီးနမ်းချင်စိတ်တွေ ဖြစ်ပေါ်လာတယ်။ ရုတ်တရက် သူ့မျက်လုံးတွေက မှုန်ဝါးလာပြီး အိပ်ယာတစ်ခုပေါ်သို့ သူရောက်ရှိသွားပါတယ်။

အိမ်မက်တွေက တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာပါတယ်။ ရဲ့ချန် အချိန်တိုင်း ဘုရင့်နှလုံးသား ကျင့်စဉ်တွေကို သင်ယူနေရပြီး အမြဲတမ်းလိုလို အိပ်စက်ကာ မြူးကြွမြိုင်ဆိုင်သော အိပ်မက်ကို မက်နေသည်။ သူ မိန်းကလေးတွေ အများကြီးကို နေရာတိုင်းမှာ မြင်တွေ့နေရသည်။ ထိုမိန်းကလေးတွေကို သူသိမ်းပိုက်ချင်တဲ့အခါတိုင်းမှာ အရာရာတိုင်းကမှုန်ဝါးသွားပြီး သူက အိပ်ရာထဲမှာပဲ ရှိနေခဲ့ပါတယ်။

ရဲ့ချန် သူ့ရဲ့လေ့ကျင့်ခန်းတွေကို စတင်ပြီးတဲ့နောက်မှာတော့ ဒါက တစ်နှစ်ခွဲလောက်ကြာသွားခဲ့ပါပြီ။ သူ့ရဲ့ပုံစံက အရင်ကနဲ့မတူတော့ပါဘူး။ သူ ၁၈၂ မီတာလောက် အရပ်ရှည်လာပါတယ်။ ခန္ဓာကိုယ်က အနေတော်ဖြစ်ကာ ကြွက်သားတွေနှင့် ပြည့်နက်နေသည်။ သူ့ရဲ့မျက်နှာကတော့ အလွန်ပဲ ချောမောလာပါတယ်။ သူ့ရဲ့ဆံပင်တွေက မညှက်တာကြာပြီဖြစ်တာကြောင့် ရှည်နေပါပြီ။

ရဲ့ချန် အိပ်ရာထဲမှ ထလာလိုက်ပါတယ်။ သူ့ရဲ့ပုံစံဟာ အိပ်ချင်မူးတူးပုံစံဖြင့် ဆံပင်ကိုစုစည်းလိုက်ပြီး ရှေးဟောင်းအိမ်ထဲမှ ထွက်လာလိုက်ပါတယ်။

ရဲ့ချန် ချက်ချင်းပဲ အချိန်စက်ဝန်းထဲက ထွက်လာလိုက်ပြီး သစ်တောဆီသို့ ဦးတည် ပျံသန်းလာလိုက်ပါတယ်။ သူ သွေးပူလေ့ကျင့်ခန်းလုပ်ရန် အနီးဝန်းကျင်ကို မျက်ခြေမပျက်ကြည့်လာပါတယ်။ နောက်ဆုံးမှာတော့ မီးနစ်အနည်းငယ်လောက် လမ်းလျှောက်လာလိုက်ပြီးတော့ မီးဝံပုလွေဟုခေါ်သော မှော်မွန်းစတားတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ မှော်မွန်းစတားက နှစ်မီတာခွဲလောက်မြင့်ပြီး သုံးမီတာလောက်ရှည်လျားပါတယ်။ မီးတောက်နေသော အစွယ်က ၅၀ စင်တီမီတာလောက် အရှည်ရှိပါတယ်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Hikayelerin yaşadığı yer. Şimdi keşfedin