" ငါ့နာမည်က ယွင်ဟောက်၊ ဒီမြို့ရဲ့ မင်းသားလေးယောက်ထဲက တစ်ယောက်ပဲ " ယွင်ဟောက်ဆိုသောလူက ဤစကားကို အလွန် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
သူက မြို့ထဲတွင် အလွန်တရာ သန်မာပြီး ကြောက်စရာကောင်းသော သခင်လေး ၄ ယောက်ထဲမှ တစ်ယောက်ဟူသော ဘွဲ့ထူးကို ပိုင်ဆိုင်ထားသည်။ မြို့ထဲတွင် ဘယ်သူကမှ ယွင်ဟောက်၏ဒေါသကို သွားမဆွရဲပေ။ အဲ့ဒီ့အစား သူတို့က ယွင်ဟောက်ဆီမှ သွားရည်ကျစရာကောင်းသော အကျိုးကျေးဇူးများ ရရှိရန် တက်နိုင်သလောက် သူ့ကို ကျေနပ်အောင် မြှောက်ပင့်ပြောဆို ပေလိမ့်မည်။
ကံမကောင်းစွာပင် ရဲ့ချန်က ထိုအရာအားလုံးကို လုံးဝ ဂရုမစိုက်ပေ။ ထိုသခင်လေးက ပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ မီးနီကိုဖြတ်မောင်းပြီး အမှားလုပ်ထားသည့်အတွက် သူ့ကို အလျော် ပေးကို ပေးရပေမည်။
" ရဲ့ချန်... ဘာဖြစ်တာလဲ " ထို ပရမ်းပတာ ဖြစ်နေသော အခြေအနေကိုကြည့်ရင်း ချောင်ယမ်ယမ်က အပြင်သို့ ထွက်ရန် ဆုံးဖြတ်ပြီး ကားထဲမှ ဆင်းကာ ရဲ့ချန်ဆီသို့ လျှောက်လာခြင်း ဖြစ်သည်။
အလွန်တရာ လှပသော ချောင်ယမ်ယမ်ကိုကြည့်ပြီး ယွင်ဟောက်၏မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားသည်။ သူက ဤမြို့ထဲတွင် ထိုမျှ လှပသော မိန်းကလေး ရှိမည်ဟု ထင်တောင် မထင်ထားပေ။ ချောင်ယမ်ယမ်ကို မြင်လိုက်ရသောအခါ ယွင်ဟောက်၏ပါးစပ်မှ သွားရည်များပင် စီးကျမတက် ဖြစ်သွားလေသည်။
" မင်းက ငါ့ကား ပျက်စီးသွားတာတွေအတွက် အလျော်မပေးချင်ဘူးဆိုရင် ဒီစော်လေးကို ငါ့ဆီ တစ်ညလောက် ပေးလိုက် " ယွင်ဟောက်က သူ၏လက်ကို ရှေ့ထုတ်ပြီး ချောင်ယမ်ယမ်၏ခန္ဓာကိုယ်ကို ထိကိုင်ရန် လက်လှမ်းလိုက်သည်။
ယွင်ဟောက်၏လက်က ချောင်ယမ်ယမ်၏ခန္ဓာကိုယ်ကို ထိမိရန် စင်တီမီတာအနည်းငယ်ခန့်သာ လိုတော့သည်။ " ဖြန်း... " ချောင်ယမ်ယမ်က ယွင်ဟောက်၏ပါးကို ယောင်ကိုင်းသွားအောင် ရိုက်ချလိုက်သည်။
ယခုအချိန်တွင် ချောင်ယမ်ယမ်က ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေပြီး သူမ၏အင်အားကလည်း အတန်အသင့် တိုးတက်နေပြီ ဖြစ်သည်။ ထိုပါးရိုက်ချက်က ယွင်ဟောက်အတွက် သေချင်စော်ပင် နံသွားသည်အထိ နာကျင်သွားလေသည်။
CITEȘTI
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantezieသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...