အခန်း (၁၂) နဂါးအထူးတပ်ဖွဲ့

492 53 0
                                    

စုမန်ချီ ရဲ့ချန်​၏ကျောပေါ်သို့ အသာအယာ တက်လိုက်သည်။ ရဲ့ချန်​၏ကျောပြင်ပေါ်က သက်သောင့်သက်သာရှိလှပြီး လုံခြုံစိတ်ချမှုကို ပေးစွမ်းသည်။ ရဲ့ချန် သူ့ကျောပြင်ကို ဖြတ်သန်းပြီး နုညံ့သောအရာတစ်ခုက ထိတွေ့လာသည်ကို ခံစားမိစဉ် အန္တရာယ်ဟူသောအသိက ဖြစ်ပေါ်လာသည်။ ဘာပဲဖြစ်ဖြစ် သူမကို ကူညီတာပဲလေ။ ဟုတ်တယ်မလား။

စုမန်ချီလည်း သူမရဲ့တစ်ကိုယ်လုံးနဲ့ ရဲ့ချန်ကို ထိနေရသည်မို့ ရှက်ရွံ့လှသည်လေ။ သို့သော် သူမ မငြင်းဆန်တော့ချေ။ ထို့ကြောင့် သူမလဲကျမသွားစေရန် ရဲ့ချန်​၏လည်ပင်းကို ပိုက်ဖက်လိုက်သည်။ " ဒီလူရဲ့ ကျောပြင်ကျယ်ကျယ်ကြီးက သက်သောင့်သက်သာရှိလိုက်တာ..." စုမန်ချီ ရေရွတ်လိုက်သည်။

" မင်းတစ်ခုခု ပြောလိုက်တာလားလို့..." ရဲ့ချန်မေးလိုက်သည်။ " အာ..မပြောပါဘူး..." စုမန်ချီ သူမရဲ့ရေရွတ်သံကို ရဲ့ချန်ကြားလိမ့်မည်ဟု မျှော်လင့်မထားချေ။

နာရီဝက်လောက်ကြာအောင် စုမန်ချီကို ဘာအကူညီမှမပါဘဲ ရဲ့ချန် သယ်ဆောင်လာသည်။ စုမန်ချီကတော့ နောက်မှာ မျက်လုံးလေးကိုမှိတ်ပြီး ဇိမ်ယူနေသည်။ သို့သော် အိပ်နေသည်တော့ မဟုတ်ချေ။ ရုတ်တရက် ရဲ့ချန် ခြေလှမ်းကို ရပ်တန့်လိုက်သည်။

" ဘာလို့လဲ...မောသွားလို့လား..." စုမန်ချီ မေးလိုက်သည်။

ရဲ့ချန် " ငါတို့ဆီပျံလာနေတဲ့ ဟယ်ရီကော်ပတာတစ်စီကို မမြင်ဘူးလား..." စုမန်ချီ သူတို့အနီးမှာ ဟယ်ရီကော်ပတာကို မြင်ဖို့နေနေသာသာ အသံတောင် မကြားပေ။ ထို့ကြောင့် ရဲ့ချန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ရဲ့ချန် သူ့ရဲ့အကြားအာရုံနဲ့ ပတ်သက်လို့ သံသယမဝင်ပါချေ။ မကြာပါ တစ်မီးနစ်လောက်ကြာပြီးနောက် ဟယ်ရီကော်ပတာ​၏ ပန်ကာလည်သံ တဝီဝီကို စုမန်ချီ ကြားလိုက်ရသည်။

ရဲ့ချန် အပေါ်သို့ မော့ကြည့်လိုက်သောအခါ အစိုးရစစ်တပ်​၏ သင်္ကေတအရှည်ကြီး တစ်ခုချင်းစီကို မြင်လိုက်ရသည်။

" ရဲ့ချန် သွားစို့...ငါတို့ ဒီကနေ ထွက်မှဖြစ်မယ်...ဒါမှ သူတို့က ငါတို့ကို မြင်လိမ့်မယ်..."

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now