အခန်း (၄၅) လျှို့ယွဲ့နှင့် တွေ့ဆုံခြင်း

358 33 0
                                    

ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့ဟာ နတ်သမီးတံခါးဝအထဲမှ ထွက်လာကြပြီး ထုံးစံအတိုင်း စာသင်ခန်းရှိရာသို့ ပြန်လာကြသည်။

သူတို့နှစ်ဦး ပြန်ရောက်လာသောအခါ ကျောင်းဆင်းခေါင်းလောင်းတီးပြီး ကျောင်းတောင် ဆင်းနေပြီ ဖြစ်​၏ ။

ရဲ့ချန် အိမ်သို့ပြန်လာပြီး ကောင်းကင်မက်မွန်သီး စုစုပေါင်း ၂၅ လုံးအား ရောင်းချဖို့ ရည်ရွယ်ထားသည်။ ထို့နောက် ၎င်းတို့အား ထည့်စရာပုံးလေးတစ်ခုထဲသို့ ထည့်ထားလိုက်သည်။ ရဲ့ချန်က သူ့အတွက် တစ်လုံးမှ ချန်မထားပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်မက်မွန်သီးက အသီးသီးဖို့ရန် အင်မတန် မြန်ဆန်သောကြောင့်ပင် ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ရဲ့ချန်က အသီးများ မြန်မြန်ဆန်ဆန် ရောင်းကုန်သွားမှာကိုလည်း စိုးရိမ်စရာ မရှိပေ။

လမ်းမပေါ်သို့ ရောက်လာသောအခါ အမျိုးသမီးအတော်များများက ရဲ့ချန်အား စိုက်ကြည့်နေကြသည်။ တစ်ခါတရံ သူ့အား တည့်တည့်တောင် စိုက်ကြည့်နေကြသည်။ တချို့ရဲတင်းသော မိန်းကလေးများဆိုလျှင် ရဲ့ချန်​၏ဖုန်းနံပါတ်ကိုတောင် လာလာမေးတတ်ကြသည်။

ရဲ့ချန်လည်း ပေါ်ပြူလာဖြစ်ရသည်က အတော်ပင် စိတ်ကသိကအောက် နိုင်လှမည်ဟု ထင်မထားပေ။

ကံကောင်းထောက်မစွာ တက်စီတစ်စီးအား တားလိုက်ပြီး အမျိုးသမီးတွေကြားထဲမှ တိုးထွက်နိုင်ခဲ့သည်။

ဆယ်မီးနစ်ခန့် ခရီးသွားပြီးနောက် နောက်ဆုံးမှာတော့ ရဲ့ချန်ဟာ လျှို့ကုမ္မဏီ​၏ရုံးခွဲ အဆောက်အဦးဆီသို့ ရောက်ရှိလာသည်။ လျှို့ကုမ္မဏီသည် ဤမြို့ရှိ အကြီးမားဆုံးကုမ္မဏီ စာရင်းဝင်များထဲတွင် နံပါတ်တစ်ပင် ဖြစ်သည်။

အံ့ဩစရာတော့ မရှိပေ။ ကုမ္မဏီရုံးခွဲ အဆောက်အဦးလေးတစ်ခုကတောင် အင်မတန် မြင့်မားပြီး ခမ်းနားလှပေသည်။

ရဲ့ချန်လည်း အဆောက်အဦးထဲသို့ ဝင်ရန် လမ်းလျှောက်လာသည်။ သို့သော် သက်လတ်ပိုင်းအရွယ် တံခါးစောင့်နှစ်ဦးက သူ့ကို ချက်ချင်း တားထားလေသည်။

ထိုလူနှစ်ဦးဟာ ဤကုမ္မဏီ​၏ လုံခြုံရေး ဖြစ်ပုံပေါ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now