လျှို့ယွဲ့က လူတိုင်းကို ဦးဆောင်ပြီး အစည်းအဝေးခန်းမထဲသို့ ခေါ်ဝေါ်လာသည်။ ရဲ့ချန်ကတော့ အဘွားစစ်ထိုရွဲ့၏ ဝှီးချဲအား တွန်းလာပေးပြီး လော့ဘင်ကတော့ လောလောဆယ် လျှို့ယွဲ့နောက်က လိုက်လာသည်။
ရဲ့ချန်လည်း အစည်းအဝေးခန်းမထဲသို့ ရောက်လာသောအခါ အခန်းထဲ၌ စုစုပေါင်း လူဦးရေ ၃၂ ဦး ရှိကြောင်း မြင်လိုက်ရသည်။ သူတို့ကြားထဲတွင် ရဲ့ချန်က ပိုင်ချုံးအား လှမ်းမြင်လိုက်ရသည်။ ပိုင်ချုံး၏နောက်တွင် ပိုင်ဆန်နှင့် သုယောင်တို့ ရှိနေကြပြီး သူတို့နှစ်ယောက်ဟာ ကိုယ်ရံတော်တွေအလား မားမားမတ်မတ် ရပ်နေကြသည်။
ရဲ့ချန်လည်း ပိုင်ချုံးနှင့် သုယောင်တို့က အဘယ်ကြောင့် အစည်းအဝေးခန်းမသို့ လိုက်လာသလဲဆိုတာ စဉ်းစားမရပေ။ လျှို့ယွဲ့၏ကုမ္မဏီတွင် သူတို့က အထွေအထူး လုပ်စရာမရှိဘူး မဟုတ်လား။
လူတိုင်း လူတိုင်း၏ အာရုံစူးစိုက်မှုတွေက လျှို့ယွဲ့နှင့် လော့ဘင်တို့အပေါ်တွင်သာ ရောက်ရှိနေကြသည်။ သူတို့နှစ်ယောက်၏အလှဟာ အမှန်ပင် ပြီးပြည့်စုံသော အချိုးအစားကျမှုလေးတစ်ခုပမာ ဖြစ်နေကြသည်။ ထိုအလှအပကို မြင်လိုက်ရသော ယောက်ျားသားတို့၏မျက်လုံးများက သူတို့ဆီမှ မခွာနိုင်လောက်အောင် ဖြစ်နေကြသည်။
စစ်ထိုရွဲ့က အခန်းထဲသို့ ဝင်လာသောအခါ လူတိုင်းက ချက်ချင်း ထရပ်လိုက်ကြသည်။ " ဒါရိုက်တာ စစ်ထို... နုတ်ခွန်းဆက်ပါတယ် " လူတိုင်းက စစ်ထိုရွဲ့အား နုတ်ခွန်းဆက်ကြလေသည်။
စစ်ထိုရဲ့က လူတိုင်းအား ထိုင်ရန် အချက်ပြလိုက်သည်။ အမှန်စင်စစ် သူမဟာ ထိုလူတွေက ကုမ္မဏီတွင် လိမ်ညာနေသူများဖြစ်ကြောင့် စုံစမ်းပြီးသည့်နောက်တော့ အတော်လေးကို ရွံရှာသွားတော့သည်။
လူတိုင်းက သူတို့၏ ဆိုင်ရာ ဆိုင်ရာ ထိုင်ခုံများတွင် ထိုင်လိုက်ကြပြီး ရဲ့ချန်နှင့် လော့ဘင်တို့သာ မတ်တပ်ရပ်လျှက် ကျန်ရှိခဲ့သည်။
ရဲ့ချန်က စစ်ထိုရွဲ့နောက်တွင်ရပ်နေပြီး လော့ဘင်ကတော့ လျှို့ယွဲ့နောက်တွင် ရပ်နေသည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...