Chapter - 3

43.7K 3.3K 695
                                    

[သမိုင်းကြောင်းအချို့ပါဝင်မည်ဖြစ်ပါ၍ လူနည်းစုအပေါ်မူတည်၍ လူမျိုးစုကြီးတစ်ခုလုံး သို့မဟုတ် ဘာသာကြီးတစ်ခုလုံးအပေါ် အပျက်သဘောဘက်မှ ဝေဖန်သည့်စကားလုံးများအား ရှောင်ရှားပေးပါရန် လေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။ ပါဝင်သည့်အကြောင်းအရာများနှင့်ပတ်သက်၍ Google, YouTube, Facebook တို့မှရရှိသော အချက်အလက်တို့အား ကိုးကားထားခြင်းဖြစ်သည်မို့ မူရင်းရေးသားသူများနှင့်ပိုင်ရှင်များအား အပြည့်အဝ Creditပေးပါသည်။ ]

“ခေါင်ငယ် မပျင်းနဲ့ ထ”

“မထဘူးကွာ”

ထိုသို့ပြန်ဖြေလာရုံမကဘဲ ပေါင်ပေါ်ခေါင်းအုံးထားရာမှ သူ့ခေါင်းသူသေချာနေရာချနေပြန်သေးသူအား ပြောမနိုင်မှန်းသိ၍ သည်တိုင်းသာကြည့်နေလိုက်မိသည်။ သူဟာသူနေသားကျမှ ငုံ့ကြည့်နေသည့်သူ့အား ပြန်မော့ကြည့်လာပြီး…

“ဟီး…”

လုပ်ချင်တာလုပ်ပြီးရင် သွားဖြီးပြီးရယ်ပြတတ်သည့်အကျင့်အား မြတ်ဘုန်းခေါင်တစ်ယောက် ဘယ်အချိန်ကရှာတွေ့သွားမှန်းမသိ။ သည်နောက်ပိုင်း ထိုအကျင့်အား သုံးကြိမ်လောက်ကြုံခဲ့ဖူးပြီဖြစ်သည်။

ဖြူဥနေသည့်ရန်ကုန်သားမာနခဲလေးက သူ့ရှေ့တွင်တော့ သွားတက်လေးများပေါ်အောင် ခဏခဏရယ်ပြတတ်ပြီး ညာညာစားတတ်သူပင်။

“ရယ်မနေနဲ့ ခက်ဆစ်တွေရပြီလား”

“မသိဘူး ကျက်ထားတာပဲ”

တက္ကသိုလ်ဝင်တန်းစာမေးပွဲကဖြင့် ဘယ်လောက်မှမလိုတော့။ မြတ်ဘုန်းခေါင်တစ်ယောက်ကတော့ အေးဆေးလုပ်နေတုန်းပင်။

“ကျက်ထားတာပဲဆိုတာကဘာလဲ ၊ ရအောင်ကျက်ရင် ရရမှာပေါ့”

“ဘယ်သူက စာကျက်ရင်ရအောင်မကျက်လို့လဲ၊ ရပြီးပြန်မေ့သွားတာမျိုးလည်းရှိတယ်လေ၊ ဘာလဲ မင်းကအခု ငါ့ကို ဆူချင်နေတာလား”

သူ့ဘာသာ,သာ မမှန်ချင်မမှန်မည်။ မြတ်ဘုန်းခေါင်တို့က သူ့အားလေသံတစ်ချက်မာမိသည်နှင့် သူကနှစ်ဆပြန်မာပြီးသားပင်။

ပေါင်ပေါ် ခေါင်းအုံးကာ ပက်လက်လေးလှဲနေရင်း သူ့အားမကျေနပ်သလို မျက်လုံးလှန်ကြည့်လာပုံက မိုက်တိမိုက်ကန်း။ သူ့ကိုယ်သူတော့ မိုက်လှပြီဟု ထင်ပုံရသော်ငြား တကယ်တမ်းကျ ကလေးစိတ်ကောက်နေသည်နှင့်သာ တူ၏။ သူ့အောက် ဆယ်နှစ်ငယ်သည့် ညီအငယ်ဆုံးလေးတောင် မြတ်ဘုန်းခေါင်လောက် ကလေးမဆန်၊ သူ့အပေါ်လည်း မဆိုး။

Let's Get Divorced! [Completed]Where stories live. Discover now