Chapter - 37 (Unicode)

37.8K 2.4K 493
                                    

(Warning - ဤအပိုင်းတွင် စိတ္တဇဆန်ဆန်လုပ်ရပ်များ၊ နှိပ်စက်ခြင်းများ၊ ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် သွေးထွက်သံယိုများ ပါဝင်သောကြောင့် စာဖတ်သူများအနေနှင့် သေချာစဉ်းစားပြီးမှ ဖတ်ရှုကြပါရန်။)

မြတ်ဘုန်းခေါင်ဆုံးပါးသွားသည်မှာ ၅ နှစ်ကျော်ပြီဖြစ်၏။

ထိုနှစ်၏ နိုဝင်ဘာလ၌ ပီတာချန်းတစ်ယောက် သူ၏ရည်းစားဟောင်းဖြစ်သော ခတ္တာမင်းထင်အား ကားတင်ပြေးသွားခဲ့သည်။ ထို့နောက်၌ ယောက်ဖနှစ်ယောက်ထံမှ တစ်ချက်စီအထိုးခံခဲ့ရပြီးနောက်တွင်တော့ နှစ်နှင့်ချီပြီးပြန်လိုက်ခဲ့ရသော ရည်းစားဟောင်းဖြစ်သူ၊ တစ်နည်းအားဖြင့် ရည်းစားဦးရော၊ အချစ်ဦးပါဖြစ်သူအား တစ်သက်တာအတွက် ပိုင်ဆိုင်ခွင့်ရခဲ့လေ၏။

လက်ထပ်ပြီး ၅ လကျော်အကြာ၌ သူတို့ဟာ သားဦးလေးကို ရရှိခဲ့ကြသည်။ နောက်တစ်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့တွင်တော့ ‘အားမာန်ချန်း’ ဟုခေါ်တွင်သော ကလေးလေးတစ်ယောက် လူ့လောကထဲသို့ ရောက်ရှိလာခဲ့လေ၏။

***

မြတ်ဘုန်းခေါင်ဆုံးပါးသွားပြီးနောက် ၇ နှစ်ကျော်ကာလ။

လက်ရှိအချိန်၌ သူရိန်မင်းထင်သည် Global Group ၏ ဥက္ကဋ္ဌအဖြစ်ရော၊ Ultra Group ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် အာမခံလုပ်ငန်းများအားလုံးကို ဦးဆောင်နေသော CEO တစ်ယောက်အဖြစ်ပါ စီးပွားရေးလောက၌ အခိုင်အမာရပ်တည်နေပြီ ဖြစ်သည်။

သူဟာ သူ၏ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု၊ ရင်းနှီးမြှုပ်နှံရာ၌ ကောင်းမွန်သောအမြင်ရှိမှု၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း၊ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်းစသော အရည်အသွေးတို့၌ ချီးကျူးစရာကောင်းလောက်အောင် ထူးချွန်မှု၊ အချိန်တိကျမှု၊ အချိန်ကို လေးစားမှုတို့နှင့် စီးပွားဖက်များအားလုံးအပေါ်၌ လေးစားမှုရှိခြင်းတို့ကြောင့် အများ၏ချီးမွမ်းခြင်းနှင့် အတုယူစံထားခြင်းတို့ကို ခံနေရသူတစ်ဦးလည်း ဖြစ်၏။

ထိုမျှမကသေး လစဉ်လတိုင်း ပြုလုပ်လေ့ရှိသော အလှူအတန်းများနှင့် ပရဟိတလုပ်ငန်းများကြောင့်လည်း သူ့နာမည်က အများပြည်သူများအကြား၌ အတော်လေး နာမည်ကြီးလေသည်။ ထိုသို့နာမည်ကြီးရာ၌ သူ့နာမည်နောက်တွင် ဦးမြတ်ဘုန်းခေါင်ဟူသည့် နာမတစ်ခုနှင့်အတူ ဝမ်းနည်းစရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကလည်း တစ်ဆက်တည်း တွဲပါနေတတ်၏။

Let's Get Divorced! [Completed]Where stories live. Discover now