Chapter - 26

37.7K 3K 767
                                    

Ultra Group ၏လက်အောက်မှ 4 stars Hotel တစ်ခုတွင် ဖြစ်၏။

တရားဝင်ကွာရှင်းထားကြသူနှစ်ယောက်ဟာ VVIP Room တစ်ခုအတွင်း နှစ်ယောက်အိပ် အိပ်ရာထက်၌ အတူရှိနေကြလေသည်။ လောင်မြိုက်နေသောမီးတို့ကို ငြှိမ်းသတ်ပြီးကာစမို့ နှစ်ယောက်သား အမောဖြေရန် ဆက်လှဲနေကြရင်းမှ တစ်ယောက်မျက်နှာတစ်ယောက် အနီးကပ် ကြည့်နေမိကြ၏။

လက်ရှိအချိန်၌ သူတို့၏ခန္ဓာကိုယ်တို့ထက် အဖြူရောင်စောင်တစ်ထည်သာရှိပြီး သူတို့ဝတ်ဆင်ထားခဲ့သော အဝတ်အစားတို့ဟာတော့ အိပ်ရာ၏အောက်ခြေ ကြမ်းပြင်ထက် ပြန့်ကြဲနေကြကာ ပိုင်ရှင်တို့၏ လှစ်လျူရှုခြင်းကို ခံနေကြရသည်။

သူရိန်မင်းထင်ဟာ သူ၏ဘယ်ဘက်လက်မောင်းထက် လှဲနေသူ၏ မျက်နှာလေးကို စိုက်ကြည့်နေရင်းမှ အနည်းငယ်နီမြန်းနေသော ပါးပြင်လေးအား လက်မထိပ်နှင့် အသာပွတ်သပ်လိုက်၏။ ထိုအခါ ပွတ်သပ်ခံရသူသည် ကြောင်ပေါက်လေးတစ်ကောင်အလား ချက်ချင်းဆိုသလို မျက်လုံးတို့ မှေးစင်းကျသွားသည်။

သူတို့ကိုယ်ထက်မှ စောင်ဟာ သူတို့၏ ခါးနှင့်ရင်ဘတ်တို့ကြား အလယ်နေရာလောက်မှစ၍သာ ခြုံလွှမ်းထားခြင်းဖြစ်၏။ သို့ဖြစ်ရာ ခန္ဓာကိုယ်နှစ်ခုစလုံးထက်မှ အချစ်အမှတ်အသားတို့က လင်းထိန်နေသော မီးအလင်းရောင်အောက် ထင်ရှားစွာ ပေါ်လွင်နေကြတော့သည်။

သူရိန်မင်းထင်သည် သူ ပါးပြင်လေးကို ပွတ်သပ်ပေးနေသည်အား ဇိမ်ခံနေသူကြောင့် အသည်းတယားယားဖြစ်သွားပြီး ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးအား ပို၍တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ကာ ပါးပြင်လေးတို့ထက် နှာတံနစ်ဝင်သည်အထိ နမ်းရှိုက်လိုက်၏။ ထိုအခါ အနမ်းခံရသူထံမှ နှစ်ကိုယ်ကြားရုံမျှအသံ ထွက်ပေါ်လာသည်။

“တော်တော့လေ၊ ငါ အစည်းအဝေးသွားရဦးမှာကို၊ အခု ဘယ်နှစ်နာရီရှိနေပြီလဲ ကြည့်ပေးဦး”

သူရိန်မင်းထင်လည်း ခေါင်းရင်းတွင် ချွတ်ပြီးတင်ထားသော လက်ပတ်နာရီအား လက်လှမ်းယူပြီး ကြည့်လိုက်၏။

“၁ နာရီ ၄၅ မိနစ်ပဲ ရှိသေးတယ်”

“ဟင်? အဲဒီလောက်တောင် ဖြစ်သွားပြီလား၊ ဒါဆို ပြန်ဖို့ပြင်ရမှာပေါ့၊ တော်ပြီ ဖယ်တော့၊ ငါလည်း ထတော့မယ်၊ မင်းလည်း ထတော့”

Let's Get Divorced! [Completed]Where stories live. Discover now