Chapter - 33

32.6K 2.5K 635
                                    

“စစ်မင်းရှိန်ကို ကျွန်တော်တို့ဘက်ကရဲတွေလက်ထဲ အမြန်ဆုံးရောက်အောင် လုပ်ပေးပါ ဦးမျိုး၊ ကျွန်တော့်ဘက်ကလည်း ပိုမြန်အောင် အင်အားသုံးပါ့မယ်၊ ကျွန်တော် ဒီ့ထက်ပိုပြီး လုပ်ပေးနိုင်တာရှိရင်လည်း ပြောပါ၊ အကုန်လုပ်ပေးပါ့မယ်”

မြတ်ဘုန်းခေါင်သည် ဆေးရုံတစ်ရုံ၏ VVIP Room တစ်ခုထဲ၌ ဖုန်းပြောနေခြင်းဖြစ်သည်။ ပုဂ္ဂလိကဆေးရုံတွင်ဖြစ်သည်မို့ VVIP Room က အတော်လေးကျယ်ပြီး လူနာခန်းသီးသန့်၊ ဧည့်ခန်းသီးသန့် ဖြစ်၏။

မြတ်ဘုန်း ယခုရှိနေသောအခန်းမှာတော့ ဧည့်ခန်းဖြစ်ပေသည်။

သူဟာ သူရိန်မင်းထင်၏ ဦးလေးဖြစ်သူ ဦးမျိုးထင်နှင့် ဖုန်းပြောနေခြင်းဖြစ်ပြီး တစ်ဖက်မှ ဦးမျိုးသည် ယခုအချိန်၌ အမှုကိစ္စများနှင့် အလုပ်ရှုပ်နေခြင်းပါပင်။

သူတို့သည် စစ်မင်းရှိန်ကို ဖမ်းမိပြီး သူရိန်မင်းထင်ကို ကယ်တင်လာသည့်အချိန်တွင် အုပ်စုနှစ်စု ခွဲလိုက်ကြခြင်းဖြစ်ပြီး တစ်ဖွဲ့က သူရိန်မင်းထင်နှင့်အတူ ဆေးရုံသို့ ပါလာကြကာ ကျန်တစ်ဖွဲ့ကတော့ အမှုအခင်းကိစ္စများကို ဆောင်ရွက်ရန်အတွက် ရဲစခန်းသို့ ပါသွားကြ၏။

မြတ်ဘုန်းဟာ ဦးမျိုးထင်နှင့် ဖုန်းပြောပြီးနောက်၌ တစ်ဖက်မှ အခြေအနေအတော်များများကို သိလိုက်ရသည်မို့ အတော်လေး စိတ်ကျေနပ်သွားရသည်။ အကြောင်းမှာတော့ လန်ဒန်ရဲများက အမ်မလီယာဂျိမ်းစ်အပြင် သူ(မ)၏ မိသားစုနှင့် ဂိုဏ်းသားများကိုပါ ဖမ်းမိလာပြီဟူသော သတင်းကြောင့်ပင်။

လန်ဒန်ရဲများအနေနှင့် အဆိုပါဂိုဏ်းကို လိုက်နေသည်မှာ အတော်လေးကြာပြီဖြစ်ပြီး ယခုတွင်မှ အမ်မလီယာဂျိမ်းစ်ကို အခြေပြု၍ ဂိုဏ်းခေါင်းဆောင်များအား ဖမ်းနိုင်သွားကြခြင်း ဖြစ်၏။ ယင်းသို့ အဓိကမိသားစုကို ဖမ်းမိသွားသည့်အခါ၌ ဆက်ဖြစ်လာသည် အရာတို့မှာလည်း အားရစရာ ကောင်းလွန်းပါသည်။

အမ်မလီယာဂျိမ်းစ်တို့မိသားစုမှာ လူအများအမြင်တွင် စီးပွားရေးသမားများ ဖြစ်ကြပြီး သူတို့နှင့်အတူ အလုပ်တွဲလုပ်နေကြသော စီးပွားဖက်များစွာ ရှိကြ၏။ အလားတူပင် တစ်ဖက်၌လည်း သူတို့ကို သဘောမကျကြသော၊ မကျေနပ်ကြသော ပြိုင်ဘက်များနှင့် ရန်ဘက်များစွာလည်း ရှိသည်။

Let's Get Divorced! [Completed]Where stories live. Discover now