Chapter - 5

41.1K 3.5K 755
                                    

"၂၇ ရက်နေ့က ငါ့အမေမွေးနေ့၊ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ဖို့ရှိတယ်၊ မင်းလိုက်ချင်ရင် လိုက်လို့ရတယ်"

နေ့လယ်စာအတူစားချိန်၌ မောင်က ဆိုလာခြင်း။

သို့ဖြစ်၍ မြတ်ဘုန်းခေါင်တစ်ယောက် အချိန်ကာလတို့အား အပြေးအလွှားစဉ်းစားလိုက်မိသည်။ ၂၇ ရက်နေ့က ကြာသပတေးနေ့ ဖြစ်သည်မို့ သည်နေ့နှင့်ဆို ကြားထဲ ၃ ရက်တောင် လိုပါသေး၏။

တစ်ဆက်တည်းမှာပင် မြတ်ဘုန်းဟာ မသေခင်က လက်ရှိကာလကိုလည်း သတိရလိုက်သည်။ ထိုစဉ်က မောင် သူ့ကို မိခင်ဖြစ်သူ၏ မွေးနေ့အကြောင်း ပြောသည့်အချိန်ကတော့ လက်ရှိနှင့် ကွဲပြားပါ၏။

သူမှတ်မိတာ မမှားဘူးဆိုလျှင် ညအိပ်ရာဝင်ခါနီးအချိန်၌ ပြောခဲ့ခြင်း ဖြစ်သည်။ ဖြစ်ချင်တော့ ထိုအချိန်က သူ့အတွက် အချိန်ကောင်း မဟုတ်ခဲ့ပါချေ။

ထိုစဉ်က မြတ်ဘုန်းဟာ နိုင်ငံခြားမှပြန်လာကာစမို့ လုပ်ငန်းများစွာကို အခြေတကျဖြစ်အောင် လုပ်ဆောင်ရင်း အလုပ်ရှုပ်နေခဲ့၏။ တစ်ခါတရံ အမှားတို့ကိုလည်း လုပ်ခဲ့မိသည်မို့ စိတ်ရှုပ်ခဲ့ရသည်။ အတင်းအကြပ်ရယူထားသော အိမ်ထောင်ရေးကလည်း မစွန့်လွှတ်နိုင်သည့် အသက်ရှူကြပ်စရာ ဖြစ်ခဲ့၏။

သို့ဖြစ်၍ ထိုညက သူအနည်းငယ် သောက်စားပြီး အိမ်ပြန်လာခဲ့ခြင်း ဖြစ်သည်။ မောင်က မိခင်ဖြစ်သူ၏ မွေးနေ့အကြောင်း ပြောလာစဉ်တွင်တော့ သူပြန်ပြောခဲ့သည်မှာ...

"မလိုက်တော့ဘူး၊ မွေးနေ့လက်ဆောင်ပဲ ထည့်ပေးလိုက်မယ်၊ ငါသွားရင် ကောင်းတာတွေ ဖြစ်လာစရာမှ အကြောင်းမရှိဘဲ"

သူဟာ အဘွားဖြစ်သူနှင့် ပြဿနာမတက်ချင်၍ ရှောင်ခဲ့သကဲ့သို့ မောင့်အမေကိုလည်း ရှောင်ခဲ့ခြင်း ဖြစ်၏။ သို့ဖြစ်၍ မောင်ကလည်း ဘာမှဆက်မပြောခဲ့ပါချေ။ ထို့ကြောင့် မောင်က သူနှင့်သက်ဆိုင်သူမို့ ဝတ်ကျေတမ်းကျေသာ လာမေးခြင်းဟု မှတ်ယူခဲ့သည်။

သို့သည့်တိုင် ယခုတွင်တော့ မြတ်ဘုန်းခေါင် အတော်လေးကို စဉ်းစားနေရတော့ပြီ ဖြစ်၏။ ထို့နောက် ယခင်က ရွေးချယ်ခဲ့သည့်အတိုင်း ထပ်မရွေးချယ်ချင်တော့သည်မို့...

Let's Get Divorced! [Completed]Where stories live. Discover now