Chapter - 36 (Unicode)

32.9K 2.4K 292
                                    

ရက်လည်နေ့၌ သူရိန်မင်းထင်က သီးသန့်နေချင်သည်ဟု ဆိုခဲ့၍ သူ့မိသားစုက အလိုက်တသိ ပြန်သွားခဲ့ကြသည်။ သို့ဖြစ်၍ အိမ်တွင် သူရိန်မင်းထင်နှင့် ဝန်ထမ်းများသာ ကျန်ခဲ့ကြလေ၏။

မောင်သစ် ဒေါ်သီတာကို ဖမ်းမိသွားသောအချိန်ဟာတော့ ည ၁၁ နာရီခွဲလုနီးခန့်တွင် ဖြစ်သည်။ ထိုစဉ်တွင် ခြံစောင့်ကောင်လေးက ရှေ့ဂိတ်တွင်သာ ရှိနေသည်မို့ ဒေါ်သီတာက နောက်ဘက်ဂိတ်ပေါက်မှ ခိုးထွက်ဖို့ရန် ကြံစည်ခဲ့ခြင်းပါပင်။

သို့သော် ကံမကောင်းချင်တော့ သူ(မ)ဟာ အိပ်ခန်းထဲရှိ ရေဘူးထဲတွင် ရေကုန်နေ၍ ရေထသောက်ဖို့ရန် ထွက်လာသော မောင်သစ်နှင့် တိုးခဲ့လေ၏။ ဤသို့ဖြင့် မောင်သစ်က အထုပ်အပိုးအချို့နှင့် အိမ်မှ ထွက်ပြေးဖို့ရန် ပြင်နေသော သူ(မ)အား ဖမ်းမိသွားခဲ့ခြင်း ဖြစ်သည်။

ညသန်းခေါင်တောင် ရောက်ခါနီးအချိန်မို့ ညဘက်တွင်တာဝန်ကျသော ခြံစောင့်ကောင်လေးနှင့် သူတို့နှစ်ယောက်မှအပ အခြားဝန်ထမ်းများအားလုံးဟာ အိပ်ပျော်နေကြပြီ ဖြစ်၏။ သို့ဖြစ်ရာ မောင်သစ်က ယင်းအခြေအနေကို အခွင့်ကောင်းယူပြီး ဒေါ်သီတာအား အခြားမည်သူမှမသိအောင် ဖမ်းဆီးကာ သူ့ဆရာဖြစ်သူ သူရိန်မင်းထင်လက်ထဲသို့ သွားရောက်အပ်နှံပါတော့သည်။

ယင်းသို့ သူလုပ်ဆောင်ခဲ့ခြင်းမှာ ထိုအချိန်၌ ဒေါ်သီတာကိုမြင်မြင်ချင်း သူ၏စိတ်ထဲတွင် သူ(မ)က အစ်ကိုလေးသေဆုံးမှုနှင့်များ သက်ဆိုင်နေမလားဟူ၍ ချက်ချင်း တွေးလိုက်မိခြင်းကြောင့် ဖြစ်၏။

သူရိန်မင်းထင်ကလည်း သူ၏လုပ်ရပ်ကို ချီးကျူးခဲ့သည်။ ထို့နောက် ဆရာတပည့်နှစ်ယောက်သား ဒေါ်သီတာကို အခန်းတစ်ခန်းထဲ၌ သီးသန့် စစ်ဆေးမေးမြန်းခဲ့ကြသည်။

ထိုအခါ ဒေါ်သီတာက သူတို့ခေါင်းကိုက်လောက်သည်အထိ ငိုယိုကာ တောင်းပန်ခဲ့ပြီး အပြစ်များအားလုံးကို ဝန်ခံခဲ့၏။ ဒေါ်သီတာဟာ အမှားများစွာကို လုပ်ထားပါသော်ငြား အတော်လေးကြောက်တတ်သည့် အမျိုးသမီးကြီးတစ်ယောက် ဖြစ်သည်။

သို့ဖြစ်၍ သူရိန်မင်းထင်နှင့် မောင်သစ်တို့သာမက ဝိဉာဉ်ဖြစ်နေသော မြတ်ဘုန်းခေါင်သည်ပင် သူ(မ)၏ ငိုသံတို့ကို နားထောင်ရင်း ခေါင်းကိုက်ချင်သလို ခံစားလာရသည်အထိ။

Let's Get Divorced! [Completed]Where stories live. Discover now