Chapter - 35 (Zawgyi)

6.5K 170 11
                                    

မြတ်ဘုန်းခေါင် သေဆုံးခဲ့သည့်ည။

ဆေးရုံတွင်ဖြစ်၏။

သူရိန်မင်းထင်နှင့် ပီတာချန်းတို့သည် သူတို့တောင် တစ်ခါမှမမြင်ဖူးကြသော သူတို့နှစ်ယောက်ပါသည့် ဓာတ်ပုံများအား ကြည့်နေကြရင်း နှစ်ယောက်သား ဒေါသတို့ ထွက်လာကြသည်။

အချို့ပုံများသည်ကား နည်းပညာဖြင့် ပြုပြင်ထားသော ဓာတ်ပုံအတုများဖြစ်ကြပြီး အချို့ပုံများကတော့ သူတို့ သွားလာလှုပ်ရှားနေကြသည့် ပုံများကို အထင်လွဲမှားချင်စဖွယ်ဖြစ်အောင် ဓာတ်ပုံရိုက်ထားခြင်း ဖြစ်၏။

“တောက်!! ဘယ်ခွေးမသားက လက်ကမြင်းထားတာလဲမသိဘူး!”

ပီတာက သူရိန်ကြည့်ပြီးသော ဓာတ်ပုံများကိုဆွဲယူကာ ကြည့်နေရင်းမှ ဒေါသတကြီး တက်ခေါက်ကာ ဆိုလိုက်ခြင်း။

သူ၏ မျက်နှာသည်ကား ဒေါသသွေးတို့ဖြင့် အတော်လေး နီမြန်းနေလျက်ရှိသည်။ အကယ်၍ သည်လိုဓာတ်ပုံများကြောင့် ထိခိုက်နစ်နာသူ မရှိပါလျှင် ဤကဲ့သို့ ပုံအတုများကို မြင်ရခြင်းဟာ သူတို့သူငယ်ချင်းတွေအဖို့ ဟာသတစ်ခုသက်သက်သာ ဖြစ်နိုင်ပါ၏။ အချင်းချင်း ‘ရွံစရာကောင်းတယ်’ ဟုပြောပြီး ရယ်လည်း ရယ်မိကြမည်သာပင်။

သို့သော်ငြား ယခုတွင်တော့ အဆိုပါဓာတ်ပုံများဟာ လူသတ်လက်နက်များကဲ့သို့နှယ်။

“ခင်ဗျားတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက..”

“ကျွန်တော်တို့က ညီအစ်ကိုလို သူငယ်ချင်းတွေပါ၊ ဒီပုံတွေထဲက အများစုကတော့ အတုတွေပါ၊ အဲ့ဒါကြောင့် ခင်ဗျားတို့ အထင်မလွဲပါနဲ့”

နှစ်ယောက်သား ဓာတ်ပုံများကို ကြည့်နေကြစဉ်အခိုက် သူတို့ရှေ့မှ ရဲအရာရှိတစ်ယောက်က စကားစလာခြင်းကြောင့် ပီတာက ဆက်နားမထောင်နိုင်ဟန်ဖြင့် စကားဖြတ်ပြောလိုက်ခြင်း။

သူ့မျက်နှာက အတော်လေး တည်တင်းနေပြီး ဟန်ဆောင်နေဟန်လည်း မရှိသည်မို့ ရဲအရာရှိလည်း ပါးစပ်ပြန်ပိတ်သွားပြီး ခေါင်းညိတ်လိုက်၏။

“ဒါဆို ဘယ်ပုံတွေက အတု၊ ဘယ်ပုံတွေက အစစ်လဲ”

နောက်ထပ် ရဲအရာရှိတစ်ယောက်က ဝင်မေးလာခြင်း။ ထိုအခါ ပီတာက ပုံများကို ကြည့်နေရင်းမှ...

Let's Get Divorced! [Completed]Where stories live. Discover now