Chapter - 22

39.7K 3.1K 743
                                    

“ငါ ဒီည ချင်းမိုင်ကို သွားရမယ်”

သူရိန်မင်းထင်က မြတ်ဘုန်းအား ဖုန်းဆက်ကာ အသိပေးလိုက်ခြင်း။ သူဟာ လက်ရှိ၌ သူ့ဆေးခန်းတွင်ပင် ရှိနေဆဲဖြစ်ပြီး မြတ်ဘုန်းကတော့ ရုံးချုပ်၌ ရှိနေလေသည်။

မြတ်ဘုန်းသည် စိတ်ရှုပ်ရှုပ်နှင့် အစီရင်ခံစာများကို ဖတ်နေရာမှ တစ်ဖက်လူ၏ ပြောစကားကြောင့် လက်ထဲမှ စာရွက်အား ချလိုက်မိသည်အထိ ဖြစ်သွား၏။

“ဘာဖြစ်လို့လဲ”

သူဟာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ပြန်မေးမိပြီးမှ နောင်တရချင်သွားသည်။ သူရိန်မင်းထင်နှင့် အနေနီးတာ အချိန်ခဏကြာသွားတော့ သူတို့နှစ်ယောက် ဘာမှမဆိုင်တော့ဘူးဆိုတာကိုတောင် မသိစိတ်က မေ့သွားပုံရပါ၏။

သူရိန်က ပြန်ဖြေလိုက်သည်။

“ငါတို့လုပ်ငန်းစုကိစ္စနဲ့ပါ၊ ထွေထွေထူးထူးမဟုတ်ပေမဲ့ ၃ ရက်လောက်တော့ ကြာမယ်ထင်တယ်”

“ဪ၊ အင်း”

မြတ်ဘုန်းသည် ရင်ထဲ၌ သိသိသာသာ အားလျော့သွားသည့်နှယ် တစ်မျိုးတမည်ခံစားချက်အား ခံစားလိုက်ရသည်။ ထို့ကြောင့် ခြောက်ကပ်ကပ်ဖြစ်ချင်နေသော နှုတ်ခမ်းတို့အား လျှာဖြင့် တစ်ချက်သပ်လိုက်မိပြီး ပြန်ပြောရမည့်စကားကို အသည်းအသန် ရှာဖွေလိုက်မိ၏။

“မင်း အလုပ်ရှုပ်နေတာလား”

သူဘာမှ ပြန်မပြောနိုင်ခင် တစ်ဖက်မှ မေးလာသောကြောင့်…

“နည်းနည်းပါ”

သူသည် သူ့ရှေ့မှ အစီရင်ခံစာ တစ်ပုံတပင်ကြီးအား စိုက်ကြည့်ရင်းမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်ခြင်း။

ထိုအခါ တစ်ဖက်မှ ထပ်မေးလာသည်။

“ဒီနေ့ ဘယ်အချိန် ပြန်လာမှာလဲ”

“၅ နာရီခွဲလောက်မှ ပြန်လာမလားလို့၊ မင်းက ဘာလုပ်မလို့လဲ”

“ငါ့လေယာဉ်ချိန်က ၇ နာရီမလို့ မသွားခင် မတွေ့လိုက်ရမှာစိုးလို့၊ မင်းတို့ရုံးချုပ်ကိုပဲ လာတွေ့လို့ရလား၊ မင်း အဆင်ပြေမှပါ”

မြတ်ဘုန်းခေါင်တစ်ယောက် ဖုန်းပြောနေရင်းမှ မသိလိုက် မသိဘာသာဖြင့် ရှေ့မှစားပွဲထက်ရှိ ဘောပင်အား ကောက်ကိုင်လိုက်မိသည်။ ထို့နောက်မှ လုပ်စရာမရှိသည်မို့ ဘောပင်ကို ပြန်ချလိုက်မိပြီး…

Let's Get Divorced! [Completed]Where stories live. Discover now