Chapter - 21

38.6K 3.1K 741
                                    

Ting Tong… Ting Tong… Ting Tong… Ting Tong…

“ကျွန်တော်သွားကြည့်လိုက်မယ်”

ဘဲလ်သံတို့ထပ်ထွက်လာချိန်၌ မြတ်ဘုန်း၏ အတွင်းရေးမှူးဖြစ်သူ ငြိမ်းချမ်းက နေရာမှထရပ်လိုက်ပြီး ထိုသို့ပြောလိုက်ခြင်း။ ပြီးသည်နှင့် သူဟာ တိုက်ခန်းတံခါးဆီသို့ ထွက်သွားသည်။

ထိုစဉ် သူရိန်မင်းထင်ကလည်း ထိုင်နေရာမှထလိုက်ပြီး သူ့ကိုမော့ကြည့်လာသော မြတ်ဘုန်းအား ကြည့်ကာ ပြောလိုက်၏။

“ငါ့ဦးလေးတိုက်ခန်းဆိုတော့ ငါလည်း သွားကြည့်လိုက်မလို့၊ ငြိမ်းချမ်းတစ်ယောက်တည်းဆို ချက်ချင်းဆုံးဖြတ်နိုင်မှာမဟုတ်ဘူး”

“အင်း”

သူရိန်မင်းထင်လည်း ထွက်သွားပြီးနောက်တွင်တော့ မြတ်ဘုန်းတစ်ယောက်တည်း နေရာ၌ ထိုင်ကျန်နေခဲ့သည်။ သူဟာ တံခါးဆီသို့ လျှောက်သွားသူ၏ ကျောပြင်ကျယ်အား ငေးကြည့်နေမိ၏။

‘သူ ဒီလူသားကို သူ့ပြဿနာတွေထဲ ခေါ်သွင်းနေမိပြီလား။’

ဖြစ်နေသော ပြဿနာတို့နှင့်ပတ်သက်၍ စိတ်ထဲ အတော်လေး အဆင်မပြေဖြစ်နေစဉ်အခိုက် ဤသို့တွေးမိလာတော့ ပို၍အဆင်မပြေပါတော့ချေ။

လက်ရှိအချိန်၌ မြတ်ဘုန်းခေါင်၏ မျက်နှာဟာ ပုံမှန်နှင့်မတူဘဲ သိသိသာသာ မှုန်မှိုင်းနေသည်။ သူ့ကိုတစ်ချက်ကြည့်ရုံနှင့် စိတ်မချမ်းမသာဖြစ်နေကြောင်း တန်းသိနိုင်သည်အထိ သူ့မျက်နှာအမူအရာက သိသာလှ၏။

သူသည် ယခုတွင် သူရိန်မင်းထင်ပေးထားသော အညိုရောင် အနွေးထည်လက်ရှည်နှင့် ဘောင်းဘီရှည်အနက်တို့ကို ဝတ်ဆင်ထားလျက်ရှိသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် သူရိန်မင်းထင်နှင့် ငြိမ်းချမ်းတို့ ပြန်ရောက်လာကြ၏။ သို့သော် သူတို့နှစ်ယောက်တည်း ပြန်လာကြခြင်းမဟုတ်ဘဲ သူတို့နှင့်အတူ ဧည့်သည်နှစ်ယောက်လည်း ပါလာကြသည်။

“ဒီမှာထိုင်ကြ”

သူရိန်ဟာ ငြိမ်းချမ်းထိုင်ခဲ့သော ခုံနှင့် မျက်နှာချင်းဆိုင်မှ ဆိုဖာခုံရှည်အား လက်ဖြင့်ညွှန်ကာ ဆိုလိုက်ခြင်း။

Let's Get Divorced! [Completed]Where stories live. Discover now