Chapter - 20

40K 3.1K 782
                                    

ဇူလိုင်လ၏ ဒုတိယမြောက် ရက်သတ္တပတ်။ ဒုတိယနေ့။

Social Media ထက်၌ သတင်းတစ်ခုမှာ စက္ကန့်နှင့်အမျှ ပျံ့နှံ့နေလေသည်။ အဆိုပါသတင်းသည် ယနေ့နံနက်ခင်းတွင်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ Acc မှ တင်ထားခြင်း ဖြစ်၏။

ထိုအမျိုးသမီး၏ နာမည်မှာ လဝန်းအိမ်ဖြစ်သည်။ သူ(မ)က 5 Stars Hotel တစ်ခုဖြစ်သော Grand Star Hotel မှ Financial Manager ၏ လက်ထောက်တစ်ယောက် ဖြစ်၏။ သူ(မ)၏ ရုပ်ရည်မှာ လွန်စွာချောမောသည်တော့ မဟုတ်ပါသော်ငြား အသားဖြူဖြူနှင့် နုနုနယ်နယ် ပုံစံမျိုးလေး ဖြစ်သည်။

သူ(မ)တင်ထားသော အကြောင်းအရာသည်ကား ‘လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က Financial Manger မှ သူ(မ)ကို ဗလက္ကာရပြုကျင့်ခဲ့ကြောင်း၊ ထိုသို့လုပ်ခဲ့သော ဗီဒီယိုကိုလည်း မှတ်တမ်းတင်ထားခဲ့ကြောင်း၊ သူ(မ)မှ ယင်းကိစ္စနှင့်ပတ်သက်၍ အခြားသူများကို တိုင်ကြားလျှင် ဗီဒီယိုကိုဖြန့်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ သူ(မ)ကလည်း အရှက်အကြောက်ကြီးသော မိန်းကလေးတစ်ယောက်ဖြစ်၍ ခြိမ်းခြောက်ခံရသည်ကို လွန်စွာကြောက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ သူ(မ)၏ ရှက်ကြောက်တတ်သော စရိုက်ကို အခွင့်ကောင်းယူပြီး အဆိုပါမန်နေဂျာက သူ(မ)အား ထပ်မံ၍ အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း၊ ယခုတွင်တော့ သူ(မ)ဆက်ပြီး သည်းမခံနိုင်တော့၍ လူထုရှေ့တွင် ဖွင့်ချရခြင်းဖြစ်ကြောင်း၊ ထိုမန်နေဂျာ သူ(မ)ကို အန္တရာယ်ပေးမည်စိုး၍ လက်ရှိ၌ တစ်နေရာတွင် ပုန်းရှောင်နေရကြောင်း၊ Grand Star Hotel မှ တာဝန်ရှိသူများအနေနှင့် ထိုမန်နေဂျာအား အရေးယူပေးစေလိုကြောင်း စသည်တို့ကို သက်သေများနှင့်တကွ တင်ထားခြင်း ဖြစ်၏။

သို့ဖြစ်၍ အဆိုပါပို့စ်ဟာ တစ်မနက်အတွင်းမှာပင် တစ်နိုင်ငံလုံးရှိ လူထုအကြား၌ ပျံ့နှံ့သွားတော့သည်။

ပို့စ်ကိုမြင်သော လူတိုင်းက Share လုပ်ကြပြီး Grand Star Hotel အား Mention လုပ်ကြကာ ပြစ်မှုကျူးလွန်သော မန်နေဂျာကို ချက်ချင်းဖမ်းဆီးပြီး အရေးယူပေးရန်အတွက် တောင်းဆိုနေကြ၏။ ယင်းသို့တောင်းဆိုထားကြသူများထဲ၌ သာမန်လူများလည်း ပါကြသလို နာမည်ကြီး အနုပညာရှင်များနှင့် Celebrity များစွာလည်း ပါဝင်ကြလေသည်။

Let's Get Divorced! [Completed]Where stories live. Discover now