Chapter - 17

48.6K 3.5K 1.1K
                                    

နံနက်မိုးမလင်းခင်ကတည်းက မိုးရွာနေသော နေ့တစ်နေ့ဖြစ်သည်။

မြတ်ဘုန်းခေါင်ဟာ အိပ်ခန်း၏ မှန်ပြတင်းတံခါးမှတစ်ဆင့် ပြင်ပဆီသို့ ကြည့်နေမိ၏။ မိုးကောင်းကင်တစ်ခွင်လုံး မှုန်မှိုင်းအုံ့ဆိုင်းနေသည်မှာ သူ၏ စိတ်ကိုပါ မတက်မကြွဖြစ်လာစေပါသလို။

ထို့ပြင် မိုးရွာနေသည့်ပုံစံကလည်း သည်းကြီးမည်းကြီးမဟုတ်သလို ဖွဲဖွဲလေးလည်း မဟုတ်။ သို့ဖြစ်၍ သူ့စိတ်ထဲ၌ နံနက်စာကို အပြင်ထွက်စားရမည်လား၊ အိမ်အရောက်ပို့စနစ်နဲ့ပဲ မှာစားရမည်လားဟူ၍ တွေးနေမိသည်။ 

သူဟာ တစ်ယောက်သောသူကို ရှောင်ဖို့ရန်အတွက် မနေ့ညနေကတည်းက သူနေထိုင်ရာအိမ်မှ သည်တိုက်ခန်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်၏။ ထို့ကြောင့် တိုက်ခန်းအတွင်း၌ သူနှင့် သူ့ဒရိုင်ဘာ နှစ်ယောက်သာ ရှိသည်။ ဒရိုင်ဘာကလည်း တစ်ယောက်သောသူနှင့် ရင်းနှီးသည့် မောင်သစ်မဟုတ်ဘဲ အခြားတစ်ယောက်ကို ခေါ်လာခဲ့ခြင်း ဖြစ်၏။

အိပ်ရာမှနိုးလာပြီးနောက် တစ်နာရီတိတိ တရားထိုင်ပြီးပြီမို့ လက်ရှိတွင် သူ၏ စိတ်ထဲ၌ အတော်လေး ရှင်းလင်းနေသည်။ ရာသီဥတုကြောင့်သာ အနည်းငယ် စိတ်မတက်မကြွဖြစ်နေပါသော်ငြား စိတ်မကြည်မလင် ဖြစ်နေခြင်းမျိုး အလျဉ်းမရှိ။ ယခု၌သူ့ခေါင်းထဲတွင် ရှိနေသည်က နံနက်စာအကြောင်းသာ ဖြစ်သည်။

‘ထွက်စားရမည်လား၊ မှာစားရမည်လား’ ဟူသည်ကို အထပ်ထပ်အခါခါ တွေးပြီးသည့်နောက်တွင်တော့ သူဟာ တစ်နေ့တာအလုပ်များကို မစတင်ခင် ခန္ဓာကိုယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားစေရန်အတွက် အပြင်ထွက်ပြီး နံနက်စာစားဖို့သာ ဆုံးဖြတ်လိုက်တော့၏။

မိနစ်အနည်းငယ်အကြာ၌ အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်သွားပြီ ဖြစ်သည်။ သူက အဖြူရောင်တီရှပ်နှင့် တင်ပါးတစ်ဝက်ကျော်လောက်ထိရှည်သော အနက်‌ရောင်ကုတ်အင်္ကျီကို Pants အနက်၊ Shoes အဖြူတို့နှင့် ပေါ့ပေါ့ပါးပါးဟန် ဝတ်ဆင်ထား၏။ ဘယ်ဘက်လက်ကောက်ဝတ်၌ အဖြူရောင်ဒိုင်ခွက်ပါသော အနက်ရောင် Rolex နာရီကို ပတ်ထားသည်။

Let's Get Divorced! [Completed]Where stories live. Discover now