Extra - 4

17.1K 1.7K 235
                                    

“မောင်၊ ညီမလေးကို ဖုန်းဆက်မေးကြည့်လိုက်ပါလား၊ ဘာစားချင်လဲလို့၊ စားချင်တာရှိရင် လမ်းကြုံဝင်ဝယ်သွားလို့ရအောင်”

ကားပေါ်ရောက်လာသည်နှင့် ပြောလာသောစကားကြောင့် သူရိန်မင်းထင် တရားကျသွားရသည်။ မကျေမနပ်ဖြစ်ပြ၊ သဝန်တိုပြရအောင်လည်း သူဂရုစိုက်နေသူက ကိုယ့်ညီမအရင်းဖြစ်နေတော့ ခက်၏။

“မောင်၊ ဘာတွေစဉ်းစားနေတာလဲ၊ ငါပြောတာ မကြားဘူးလား”

“ကြားတယ်”

“ကြားရင် ဘာလို့ပြန်မပြောတာလဲ”

မြတ်ဘုန်းတစ်ယောက် ကားမောင်းနေသူကို ကြည့်ရင်းမှ မေးလိုက်ခြင်း။

လက်ရှိ၌ မောင်ဟာ ဆေးရုံမှအပြန် သူ့အား အလုပ်မှဝင်ကြိုခြင်းဖြစ်၏။ ဤသည်မှာ ထုံးစံဖြစ်သည်မို့ ဘာမှမထူးဆန်းသော်ငြား ယခု မောင်ဖြစ်နေသည့်ပုံစံကတော့ ထူးဆန်းသည်။

ထူးဆန်းသည်ဆိုသည်မှာလည်း အရမ်းထူးဆန်းတာမျိုးတော့မဟုတ်။ မောင် သူ့အား တစ်ခုခုကိုမကျေမနပ်ဖြစ်နေလျှင် ဖြစ်တတ်သည့်ပုံစံမျိုးပါပင်။

သူရိန်မင်းထင်က မြတ်ဘုန်း၏မေးခွန်းကို ချက်ချင်းမဖြေဘဲ ကားကို ကားပါကင်ထဲမှ မောင်းထွက်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ဒီတိုင်း စဉ်းစားစရာနည်းနည်းရှိနေလို့”

“ဘာစဉ်းစားစရာလဲ၊ ဆေးရုံမှာ တစ်ခုခုဖြစ်လို့လား”

“မဖြစ်ပါဘူး၊ ဒီတိုင်း ဟိုဟိုဒီဒီ”

သူရိန်မင်းထင်ဟာ အလိုက်မသိသူအား ပြဿနာရှာချင်တာမှ ပါးစပ်ကိုယားနေပြီဖြစ်၏။

လွန်ခဲ့သောလ၊ သူ့တူပိစိလေးထွက်လာပြီးနောက်ပိုင်း မြတ်ဘုန်းခေါင်တစ်ယောက် ကလေးကိုသည်းသည်းလှုပ်သွားသည်မှာ ကလေး၏ဦးလေးဖြစ်သူ မိမိကိုပင် မေ့သွားပြီလားဟု ထင်ရသည်အထိ။

ထို့နောက် ကလေးကို ဘာမှကျွေးလို့မရသေးသည်မို့ ကလေး၏မိခင်ဖြစ်သူကိုသာ နေ့စဉ် ‘ဘာစားချင်လဲ’ ဟုမေးခိုင်းပြီး လမ်းကြုံတိုင်း ဝင်ဝယ်သွားရတာလည်းအမော။

Let's Get Divorced! [Completed]Where stories live. Discover now