Chapter - 10

42.6K 3.5K 1.2K
                                    

ရဲစခန်းအတွင်း ဆူဆူပူပူလုပ်နေသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်နှင့် အမျိုးသမီးကြီးတစ်ယောက်ကြောင့် ရဲအရာရှိများ စိတ်ရှုပ်နေကြသည်။

ပြဿနာ၏အစသည်ကား ၁၆နှစ်အရွယ် လူငယ်လေးတစ်ယောက်နှင့် လူ့ပေါ်ကြော့သူဌေးသားတစ်ယောက်တို့ ပြဿနာတက်ကာ ရန်ဖြစ်ခဲ့ကြခြင်း။ မိန်းကလေးကိစ္စနှင့်ဟု ပြော၍ရပါသော်ငြား လူငယ်လေးဘက်မှကြည့်လျှင်လည်း ထိုသို့ပြော၍ မရပြန်။

အကြောင်းမှာ သူဌေးသားက လူငယ်လေး၏ အစ်မများအပေါ် နှုတ်နှင့်အသားယူကာ ပြောခဲ့ခြင်းကြောင့် လူငယ်လေးက ထိုးခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ ထို့နောက် အပြန်အလှန်ထိုးကြိတ်ခဲ့ကြရာမှ သူဌေးသားက နှာခေါင်းရိုးကျိုးသွားခဲ့သည်။

ယခုအချိန်တွင်တော့ လူငယ်လေးနှင့် နှာခေါင်းရိုးကျိုးသွားသော သူဌေးသားဘက်မှ မိခင်၊ အစ်ကိုနှင့် ရှေ့နေတို့ ရဲစခန်းသို့ ရောက်နေကြခြင်း ဖြစ်၏။ လူငယ်လေး၏ အုပ်ထိန်းသူတို့ကို ခေါ်ထားသော်ငြား ယခုထက်တိုင် မရောက်သေးသည်မို့ တစ်ဖက်မှ အုပ်ထိန်းသူတို့၏ အသံများသာ ဆူညံနေကြလေသည်။

“ဟိုကောင်! မင်း ငါ့ညီကို ဒူးထောက်မတောင်းပန်လို့ကတော့ ဆေးကျောင်းဆက်တက်ဖို့ မစဉ်းစားနဲ့တော့! ငါပြောတာ နားလည်လား!”

“…..”

“ဒီခွေးသူတောင်းစား! မင်း စောက်နားမပါဘူးလား!!”

“ကိုဗလ၊ စိတ်ထိန်းပါဗျာ၊ ရဲစခန်းထဲမှာ ဒီလိုတွေမလုပ်ပါနဲ့၊ စည်းမျဉ်းအရ ကျွန်တော်တို့ ခွင့်ပြုပေးလို့ မရပါဘူး၊ ကလေးက အသက်လည်း မပြည့်သေးလို့ပါ၊ ကျေးဇူးပြုပြီး လက်မပါပါနဲ့”

စကားတို့ဆိုရင်းမှ ဒေါသကိုမထိန်းနိုင်ဘဲ လူငယ်လေးအား လက်ရွယ်လိုက်သည့် အမျိုးသားကို အနားတွင် စောင့်ကြည့်နေသော ရဲအုပ်တစ်ဦးက ဝင်ထိန်းလိုက်ခြင်းဖြစ်သည်။

ထိုအခါမှ အဆိုပါ ကိုဗလဆိုသူက ရွယ်ထားသောလက်ကို ပြန်ချလိုက်၏။ သို့သော် သူ၏နှုတ်မှတော့ ဆဲရေးတိုင်းထွာနေဆဲ ဖြစ်၏။

“ငါ xီးလိုပဲ !ငါ့ညီက မင်းအစ်မတွေကိုပြောတော့ ဘာဖြစ်လဲ! မင်းအစ်မတွေက ဘယ်လောက် ‌ေxာက်တန်ဖိုးတွေ ရှိနေလို့လဲ! မင်းကို အသက်မပြည့်သေးလို့ဆိုပြီး ဒီကကောင်တွေက ညှာပေးရင်တောင် ငါကတော့ မညှာဘူး ဟေ့ကောင်! မင်းတို့တစ်မိသားစုလုံးကို ငါကိုယ်တိုင် တစ်သက်လုံးလိုက်ပြီး ဒုက္ခပေးနေမှာ! ကြားလား ခွေးသားလေး!”

Let's Get Divorced! [Completed]Where stories live. Discover now