Chapter - 34

33.8K 2.4K 761
                                    

အတိတ်ကာလတစ်ခု။

တစ်နည်းအားဖြင့် သူရိန်မင်းထင်နှင့်မြတ်ဘုန်းခေါင်တို့၏ မင်္ဂလာသက်တမ်း ၅ နှစ် ပြည့်သောနေ့။

“ဒီည မင်းတို့နှစ်ယောက်ထဲက ဘယ်သူအားလဲ”

သူရိန်မင်းထင်က သူ့ရှေ့မှ သူငယ်ချင်းနှစ်ယောက်အား မေးလိုက်ခြင်း။

ထိုအချိန်၌ သူတို့ဟာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နံနက်စာအတူထိုင်စားနေကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် နံနက်ခင်းတို့၌ သုံးယောက်သား သိပ်ဆုံလေ့မရှိကြသော်ငြား ထိုနေ့တွင်တော့ သုံးယောက်စလုံး ပြဿနာကိုယ်စီနှင့်မို့ စိတ်ညစ်ညစ်နှင့် ချိန်းဖြစ်ခဲ့ကြခြင်း။

သူရိန်မင်းထင်အနေနှင့် စိတ်ညစ်နေခဲ့သည်မှာတော့ အခြားအကြောင်းတို့ကြောင့်မဟုတ်။ သူ၏ ဒုက္ခအိုးလေးကြောင့်သာ။

အစပိုင်း၌ မြတ်ဘုန်းခေါင်ဟာ သူ့အဖို့ ဒုက္ခပျားရည်အိုးလေး ဖြစ်ခဲ့ပါသော်ငြား နောက်ပိုင်းတွင်တော့ သူရုန်းမထွက်နိုင်သော ဒုက္ခအိုးလေးသီးသန့်သာ ဖြစ်လာခဲ့သည်။

ထိုစဉ်က ပီတာ စိတ်ညစ်နေသည့် အကြောင်းအရင်းကိုတော့ သူရိန်ရော၊ ဂုဏ်ရှိန်ပါ သေချာမသိခဲ့ကြ။ သူတို့သိကြသည်မှာတော့ ပီတာတစ်ယောက် အသည်းကွဲနေသည်မှာ တစ်နှစ်လောက်ရှိပြီ ဆိုတာကိုပါပင်။

မည်သူနှင့် မည်သည့်အချိန်တွင်တွဲပြီး မည်သို့ပြတ်သွားသည်ဆိုတာကိုတော့ဖြင့် အနီးဆုံးသူငယ်ချင်းတွေဖြစ်ကြသော သူတို့နှစ်ယောက်စလုံး မသိခဲ့ကြပါ။

အစပိုင်း၌ သူရိန်မင်းထင်ရော၊ ဂုဏ်ရှိန်တို့ပါ မေးခဲ့ကြပါသော်ငြား ပီတာက သူတို့မေးလိုက်တိုင်း မျက်နှာတစ်ခုလုံး မှုန်မှိုင်းသွားပြီး အသိစိတ်လွတ်သွားသူလို ဖြစ်သွားတတ်သည်မို့ နောက်ပိုင်း၌ မေးဖို့ရန် လက်လျှော့လိုက်ကြခြင်း ဖြစ်သည်။ သူ့စိတ်ထဲ အဆင်သင့်ဖြစ်လျှင် ပြောပြမည်ဟူ၍တော့ သူငယ်ချင်းနှစ်ယောက် စိတ်ကျေနပ်စေရန်အတွက် ပြောခဲ့ပါသေး၏။

သို့သော် အသည်းကွဲချိန် တစ်နှစ်ကျော်သွားတာတောင် ပီတာတစ်ယောက် အဆင်သင့်မဖြစ်ခဲ့ပါချေ။

Let's Get Divorced! [Completed]Where stories live. Discover now