ကျောင်းကပြန်ရောက်တာနဲ့လွယ်အိတ်ကိုလွှတ်ပစ်လိုက်သည်။
"အခုမှပဲပုခုံးလေးပေါ့သွားတော့တယ်"
"ဟဲ့အကောင်ပြန်ကောက်လိုက်စမ်း"
နောက်ကနေယောင်းမကြီးကိုင်လျက်ထွက်လာသောအမေမှဆိုသည်။
"ဟာဗျာ အမေကလဲ သားပုခုံးတွေနာနေပြီဗျ "
"နင့်ကိုပုခုံးပေါ်တင်ခိုင်းတာမဟုတ်ဘူး သွား စာရေးစာပွဲပေါ်သေချာတင် ပြီးရင်ရေမိုးချိုး"
"ဟုတ်"
နေကြီးလဲသူ့အခန်းရှိရာအပေါ်ထပ်သို့တက်လာသည်။အခန်းထဲသို့ဝင်ဝင်ချင်း မြင်လိုက်ရသည့်မြင်ကွင်းကသွေးတက်ဖွယ် ပင် သူအမြတ်နိုးဆုံးရေမွှေးပုလင်းက အကွဲကွဲနှင့်ဘေးမှာ ကြောင်မလေး ကီမီ
"အောင်မလေး ငါ့အသဲလေးတော့ကွဲပါပြီ ကြောင်မသမီး နင်လာခဲ့"
ဟုတ်ပါသည်။နေကြီးဘဝမှာအမြတ်နိုးဆုံးဆိုလို့အခုချိန်ထိရေမွှေးပုလင်းသာရှိသည်။
နေကြီးလဲ ကြောင်နဲ့စိန်ပြေးတိုင်းကစားပြီးချွေးသီးသီးကျပြီးအမောဖောက်နေစဉ် မြည်လာသောဖုန်းသံကြောင့် လက်ထဲရှိ မျက်နှာသစ်ဘူးကိုဘေးချကာကိုင်လိုက်သည်။ကြည့်လိုက်တော့ခေါ်သူမှာ မေခင်မြတ်နိုး။
"ဘာလဲကွာ လူတွေကအားယားနေတာမဟုတ်ဘူး"
"စောက်ကြီးစောက်ကျယ်တွေပြောပြန်ပြီနေကြီးတို့ကတော့"
"တကယ်ပြောနေတာ ငါ ဟို ကြောင်မသမီးကို ဆုံးမနေတာ"
"ဘာဖြစ်လို့တုန်းဗျ"
"ဘာဖြစ်ရမှာလဲ ငါ့ CK ရေမွှေးဘူးလေ သူ့ကြောင့်ကွဲသွားပြီ"
"နေကြီးရယ် စိတ်ထိန်းပါ သတ္တဝါတစ်ခု ပစ္စည်းတစ်ခုပဲလေ"
"မင်းမေကြီးတော်ကြီးကို တစ်ခု ပြော ဘာပြောမလို့လဲ"
"ဪ သူပဲကျောင်းဆင်းရင်ဖုန်းဆက်ဆိုပြီး"
"အေးဟုတ်သား သားကြီးငါတို့ လကုန်ပြီးရင် စာမေးပွဲရှိတယ်မလား"
"အင်းလေ ဘာဖြစ်လဲ"
"ဟာ ဘာဖြစ်ရမှာတုန်းဟ မင်းကအခုဘယ်မှာကျူရှင်တက်တာတုန်း"
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...