"ဟိတ်ကလေးမ"
ကျောင်းပြန်လွှတ်တော့မည်မို့အချိန်ပိုင်းစာရင်းလာပေးသော နေမျိုးကျက်သရေအားနှင်းမေ ပစ္စည်းတွေသိမ်းလျက်ေခါ်လိုက်သည်။
"ဗျာဗျ"
"ကြည့်..ထူးပြန်ပြီအဲ့ဗျာကြီးကို"
"ဒါဆိုဘယ်လိုထူးရမလဲ"
"ရှင်လို့ထူးပေါ့ မိန်းကလေးက"
"အဲ့တာဆိုလဲရှင်...ရှင့်"
နှင်းမေမှာသူအား မျက်နှောင်ပြောင်နေသော နေမျိုးကျက်သရေအား ဗိုက်ကိုနာနာလေးလိမ်ဆွဲလိုက်သည်။
"အား ..လွှတ်ဗျ ဆရာမရ နာတယ်လို့"
"နာအောင်ပဲလုပ်တာလေ နာမှာပေါ့ စကားကိုအကောင်းမပြောရဘူး ပြောင်ချော်ချော်နဲ့"
"ဟုတ်ကဲ့ပါဗျာ ဘာဖြစ်လို့လဲပြောလေ ဘာလဲကျောင်းပိတ်ရက်မှာတောင်ကျွန်တော့်ကိုတွေ့ချင်လို့လား အိမ်လာလိုက်ရမလားဟင်"
"မတွေ့ချင်ပါဘူးရှင်နဲ့ ..ရှင်နဲ့တွေ့ရမှာကျွန်မရဲ့တုတ် သိတယ်မလားအရသာလေး"
"ရပြီ ရပြီ သိတယ် မလာတော့ဘူး"
"ကဲသွား ဇာတိမာန်သီချင်းဆိုတော့မယ် အခန်းပြန်တော့"
"ဟုတ်ကဲ့ပါအပျိုကြီးခင်ဗျ"
"မင်းတော့"
နှင်းမေနှုတ်ခမ်းလေးကိုက်လျက်ပြောမပြီးခင်နေမျိုးကျက်သရေမှာအခန်းသို့ တစ်ထစ်ချိုးပြေးသွားတော့သည်။
*ဘယ်လိုကလေးစားလေးမှန်းမသိဘူး*
နှင်းမေမှာစိတ်မဆိုးရက်ပဲ ပြုံး၍သာဆိုမိပြန်သည်။
----------------------------------
"အောင်မလေး စာမေးပွဲဆိုတဲ့အရာသာမရှိရင် နေမျိုးကျက်သရေဆိုတဲ့ငါလေး အခုလိုရုပ်ရင့်စရာအကြောင်းမရှိဘူး"ကျောင်းကပြန်လာ၍ရေချိုးပြီးကတည်းကရေလဲသဘက်ဖြင့်မှန်ရှေ့ရပ်နေခဲ့သည်မှာ နာရီဝက်လောက်ရှိပြီဖြစ်သည်။
အမျိုးမျိုးအဖုံဖုံ ဘက်ပေါင်းစုံမှာသူရဲ့မျက်နှာကို သေချာကြည့်လျက် ယခုလဲဘေးရှိ serumကိုကောက်လူး၍ skin care နေမိသည်။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...