"ဟျောင့် ဟိုဂါဝန်အဖြူနဲ့စော်ကိုကြည့်စမ်း ကောက်ကြောင်းကမလန်းဘူးလား"
"အေးကွာ လူလေးကလဲဖြူဖွေးလေး ပစ္စည်းကောင်းလေးဟ အိပ်ရာပေါ်ခေါ်တင်ချစ်ပြလိုက်..."
စကားမဆုံးခင်ပင်ခေါင်းပေါ်ကျလာသောဖန်ပုလင်း။စူးရှရှအသံတစ်ခု ထွက်ပေါ်ပြီနောက်ဘေးသို့လွင့်စင်သွားသောဖန်ကွဲစများ။
"မင်းဘာလုပ်တာလဲ"
"ရိုက်လိုက်တာလေ"
"အေးငါ့သူငယ်ချင်းကိုဘာလို့ရိုက်ရတာလဲ"
ထိုအမျိုးသားမှာ သူ့သူငယ်ချင်းအားတွဲလျက် နေမျိုးကျက်သရေအား ကြည့်ကာဆိုလာသည်။
"ပါးစပ်က စောက်အဆင့်အတန်းမရှိနေလို့"
"ဘာကွ"
"ကြားတဲ့အတိုင်းပဲလေ ကျွန်တော်စကားကို နှစ်ခါမပြောတတ်ဘူး မိန်းကလေးတစ်ယောက်ကိုပါးစပ်နဲ့စော်ကားရတာ သိပ်အရသာတွေ့နေရင် ခင်ဗျားကိုကျွန်တော်ကလဲပြန်စော်ကားပြမယ်လေ ပြီးတော့ကျွန်တော်ကစော်ကားရင် ပါးစပ်နဲ့တော့မဟုတ်ဘူး လက်ပါ ပါတတ်တယ်"
"မင်းအရွယ်လေးနဲ့ လူကကြည့်တော့လက်တောက်လောက်ကများ စော်ကားတော့ဘာဖြစ်လဲအဲ့တာ မင်းမယားမလို့လား"
"ဘာ~"
နေမျိုးကျက်သရေရဲ့လက်ဟာထိုလူမျက်နှာပေါ်သို့ကျရောက်သွားသည်။
"နေကြီးရယ်တော်ပါတော့ ဟာ.ပုတီးလုပ်ပါအုံးလာဆွဲကြပါအုံးဟ"
ခင်ကြီးမှာ ဆရာမထွက်သွားပြီးနောက် ဆရာမအားကြည့်ကာတစ်ဖက်ဝိုင်းမှယောင်္ကျားနှစ်ယောက်၏ပြောဆိုမှုများကြောင့် နေကြီးစိတ်ဆိုးလာပြီမှန်းသိသော်လဲ ထိုသို့ခေါင်းကိုပုလင်းနဲ့ သွားပြီးရိုက်မယ်လို့တော့မထင်မိ။
ထို့ကြောင့်ထိုအဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာလဲမှင်သက်နေမိသည်။သတိပြန်ဝင်လာ၍ ဆွဲမည်ပြုတော့ ပုတီးတို့ဝင်လာသည်ကိုမြင်၍ ခေါ်ယူရပြန်သည်။
"ဟဲ့ခင်ကြီးရေ ဘာဖြစ်တာတုန်း ဆွဲပါအုံးဟ"
(ပုတီး)"နောက်မှမေးဟေ့ ဒီမှာ အောက်ကသေတော့မယ်သူထိုးလို့"
(ခင်ကြီး)
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...