မျက်နှာထက်ဝယ်ကျဆင်းလာသောနေရောင်ခြည်ကြောင့် စိတ်မကြည်စွာအိပ်ယာမှထလာခဲ့သည်။
အနားရှိဖုန်းအားယူကာကြည့်မိတော့ အချိန်မှာမနက်၉:၃၀
*ခုလောက်ဆိုမေ က ကားပေါ်မှာပဲ*
မိမိကားဂိတ်သို့လိုက်ပို့မည်ပြောသော်လဲ အသိဆရာမသူငယ်ချင်းတွေနဲ့တူတူသွားမည်ဆိုသောကြောင့်မပို့ခဲ့ရ။
*ဟူး.. မင်းလေးမရှိတော့ တနင်္ဂနွေနေ့ကြီးကပျင်းဖို့ကောင်းလိုက်တာအပျိုကြီးရယ်*
မလုပ်ချင်လုပ်ချင်စိတ်ဖြင့်သာအိပ်ယာသိမ်းကာ ကိုယ်လက်သန့်စင်လိုက်သည်။
ဖုန်းဆက်ချင်နေမိသော်လည်းအလုပ်တစ်ဖက်ဖြင့်သွားနေသူမို့ နှောက်ယှက်မိမှာလဲစိုးရပေသည်။
*ငါစာလေးတော့ပို့လို့ရလောက်မှာပါ*
အတွေးတို့နှင့်အတူလက်ကအိတ်ထဲမှဖုန်းကိုထုတ်ကာစာရိုက်မိသည်။
"မေ မနက်စာရောစားပြီးပြီလား ကားပေါ်မှာပဲလား"
မိမိမှာအချိန်အတန်ကြာစာပို့ပြီး၍စောင့်သော်လဲseenပင်မပြ။
*မအားသေးဘူးထင်ပါတယ်လေ*
နောက်ဆုံးတော့လက်လျော့ကာပင်အိမ်အောက်ထပ်သို့ဆင်းလာလိုက်သည်။ အောက်ထပ်ရောက်တော့အမေဟာထမင်းစားခန်းမှာချက်ပြုတ်လျက်။
"အမေ"
"ဟေ"
"အဖေရုံးသွားတာလား"
"အင်းသွားပြီပေါ့ဟဲ့ဒီအချိန်ပဲရှိပြီ မနက်စာထမင်းကြော်ထားတယ် လာစားလိုက်"
"ဟုတ်"
စားပွဲ၌ထိုင်ကာထမင်းကြော်ပန်းကန် အားကြည့်မိတော့ မေကြော်ကျွေးခဲ့ဖူးတဲ့ကြက်ဥအသဲပုံ half friedနဲ့ထမင်းကြော်အားပြန်မြင်ယောင်လာမိသည်။
*အားးး လွမ်းလိုက်တာကိုယ့်ဒေါင်းလေးရယ်*
အတွေးနယ်ချဲ့နေမိသည်မှာ ထမင်းကြော်အားစားရန်ပင်မေ့နေမိသည်။
"ဟဲ့ အဲ့တာဘာဖြစ်နေတာလဲ ပန်းကန်ကြီးကြည့်ပြီးပန်းကန်ကသိုင်းရှုနေတာလားဟဲ့ နဂိုဆိုတစ်အိမ်လုံးကရှိသမျှအကုန်စားတဲ့လူက"