အပိုင်း(၃၀)

1.3K 91 3
                                    

"မလာသေးဘူးလာရှင်ရယ် ဒို့စောင့်နေတာကြာလှပြီလို့"

နှင်းမေတစ်ယောက် expresss car ဘေးတွင်အိတ်ကို platformပေါ်ချကာ စိတ်မရှည်စွာဆိုမိသည်။

"ကို လာနေပါပြီ မေရယ် ခဏလေးနော် ရောက်တော့မယ်"

တစ်ဖက်တွင်ကြားနေရသော နှုတ်ခမ်းဆူတူတူအသံအရ သူ့ရဲ့‌ဒေါင်းဟာ သေချာပေါက်စိတ်ဆိုးနေပေပြီ။

မနက်စောစောကားမှီအောင်ထရမည်ကိုသိလျက်ပင် ညက ဟိုသကောင့်သားခင်ကြီးနဲ့ဂိမ်းဆော့နေမိသည့်ကိုယ်ကိုကိုယ်သာအပြစ်တင်ရမယ်။

"ရပြီ ဦးအေး ဒီမှာပဲချတော့"

အိမ်က ဦးလေးကို ကားဂိတ်နားတွင်ချခိုင်းကာ မလှမ်းမကမ်းမှမြင်နေရသော နှင်းမေဆီသို့အပြေးသွားမိသည်။

"ကိုနေမျိုးကျက်သရေ"

"ခညာ"

"ဘာခညာလဲ စကားတောင်မပီတော့ဘူးလားဟမ်
လာစမ်း.."

"အားမေရယ် နာတယ်လို့တော်ပါတော့နော်"

ဗိုက်သာနုနုပေါ်သို့ကျရောက်နေသည့်နှင်းမေရဲ့လက်မှလိမ်ဆွဲမှုမှာ ဆွေမျိုးမေ့ချင်မေ့လို့ရမည်။

"ဟွန့် အခုမှ နာမနေနဲ့ ဒီမှာကြည့်ကားကဖြင့်မနက် ၇:၀၀ထွက်မယ် မင်းလာတာကြည့်စမ်း၆:၅၀ဖြစ်နေပြီ"

"ဟာ..မေကလဲဆယ်မိနစ်တောင်လိုသေးတာကို"

နေမျိုးကျက်သရေမှာသူ့ရဲ့ဗိုက်လေးကိုပွတ်လျက် လက်ရှိသူပေးထားတဲ့နာရီမှအချိန်အားထိုးပြကာ‌ပြောနေသောနှင်းမေကိုရယ်ကျဲကျဲဖြင့်ဆိုသည်။

"ရယ်နိုင်သေးတယ်နော် မင်းဒို့ကိုမနေ့ညကဖုန်းပြောတော့ ဘာပြောထားလဲ"

"ဘာပြောထားလို့လဲဟင်"

"နေမျိုးကျက်သရေ ငါတကယ်စိတ်တိုလာပြီနော်"

"ရွှေစိတ်တော်မညိုးပါနဲ့ချစ်ရတဲ့မေရယ် ဟိုဒီကလူသားကမေ့ကိုချစ်ဖို့ကလွဲဘာမှမသိတာမလို့ပါ ပြောပါနော် ကိုမေ့နေတဲ့အရာလေး"

အမြန်ပင်လက်လေးကသူမပုခုံးငယ်ကိုသိုင်းဖက်ကာချော့စကားဆိုရပေသည်။

Appreciate the flower you wearWhere stories live. Discover now