အပိုင်း(၂၇)

1.7K 142 11
                                    

"သမီး ပစ္စည်းတွေစုံပီလား သေချာစစ်အုံးနော်"

သူမထည့်နေသောအဝတ်အစားအိတ်ကိုကြည့်ကာအမေမှဆိုလာသည်။

"အမေရယ် သမီးအတွက်က တက္ကသိုလ်မှာသင်တန်းသွားသွားတက်ရတာကကိုယ့်အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေပါပြီ"

"အေးပါအေ..အေးပါ ကျုပ်ကနောက်မှဟိုဟာလေးကျန်ခဲ့လို့ ဟိုဟာလေးမပါလို့ဆိုပြီးပြောသံမကြားချင်လို့"

"မပြောပါဘူးအမေရယ်"

"ဒါနဲ့ခုကတက္ကသိုလ်ဝန်းထဲမှာပဲနေမှာလားသမီး"

"မသိသေးဘူးအမေ အဆောင်တွေလွတ်သေးရင်တော့နေရမယ် မ‌လွတ်တော့ရင်လဲသူတို့တစ်ခုခုတော့စီစဉ်ပေးမှာပါ"

နှင်းမေလဲသွားခါနီးအမေ့ကိုကန်တော့သည်။အဖေကတော့ ခြံထဲသို့မနက်အစောကြီးထဲကထွက်သွားသဖြင့်အိမ်၌မရှိပေ။

"အေးကွယ်သာဓုသာဓုသာဓု လမ်းခရီးမှာလဲဘေးမတွေ့ပါစေနဲ့ငါ့သမီးလေး"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ"

"ကဲမမကြီးရေ မြန်မြန်လာ နင့်ကိုကားဂိတ်ပို့ပြီးငါ အလုပ်သွားရမှာဟ"

ဆိုင်ကယ်ပေါ်တက်ကာအော်နေသော ညီမအေးသံသာကြောင့် အိတ်ကိုဆွဲကာအမြန်ထွက်ရသည် ။နှင်းမေမှာအကြီးဆုံးဖြစ်သော်လဲထိုပွစိပွစိနိုင်လွန်းသောအငယ်များအား အလျော့ပေးကာချစ်ရပေသည်။

အိတ်တွေကိုကားပေါ်တင်ပြီး သူမရဲ့ခုံနံပါတ်ကိုရှာမိသည်။

ခုံနံပါတ်-၂၃

မိမိဟာ ကားမူးတတ်သူဖြစ်၍ခုံမှာပြတင်းပေါက်ဘက်ရှိရာဘက်ကိုကျသည်ကိုစိတ်သက်သာရာရမိသည်။

ခုံများမှာနှစ်ခုံတွဲစီတွေဖြစ်၍ဘေးတွင်အမျိုးသမီးတစ်ဦးဦးသာလာထိုင်ရန်လဲတောင်းဆုပြုမိသည်။

ဒီတစ်ခါတော့ဘုရားကတောင်းဆုသံများကြား၍ထင်သည် ဘေးတွင် အမျိုးသမီးခပ်ငယ်ငယ်လေးတစ်ဦးလာထိုင်ပေသည်။

ကားပြတင်းပေါက်ဘက်လှည့်ကာအေးမြမြရာသီဥတုနဲ့ လက်ကျန်ချယ်ရီပင်များအကြားနှင်းမေအတွေးနယ်ချဲ့နေမိသည်။

Appreciate the flower you wearWo Geschichten leben. Entdecke jetzt