"ဟိတ်..လက်ထဲကဘာလဲ"
"အဆောင်လေဗျာ ဆရာမကလဲ"
"စာကျမကျက်ပဲခုမှအဆောင်အားကိုးနေတယ်"
"ဪ နောက်ဆုံးတစ်ဘာသာကိုAလေးထွက်အောင်လေ ဟဲဟဲ"
"ကဲပါ မြန်မြန်ဝင်အထဲ နေရာယူတော့"
"ဟာ ဆရာမစောင့်မှာလား"
"ဟုတ်ပါ့ရှင်ကျွန်မစောင့်မှာ"
"အဲ့တာဆိုမျှော်နေတဲ့ရက်လေးရောက်လာပြီ"
"ဘာကိုမျှော်"
"ဘာမှမဟုတ်ဘူး ဝင်ပြီ..ဝင်ပြီ"
နေမျိုးကျက်သရေလဲ အခန်းထဲရှိ စာဖြေခုံသို့ဝင်၍နေရာယူလိုက်သည်။
*အပျိုကြီးစောင့်မှာဆိုတော့မြန်မြန်ဖြေပြီးသူ့ကိုတဝကြီးထိုင်ကြည့်ရမယ်*
နေမျိုးကျက်သရေမှာကိုယ့်အတွေးနှင့်ကိုသာယာလျက်ပင်။
အချိန် ၁၀မိနစ်လောက်နေပြီးနောက် မေးခွန်းစာရွက်ကကိုယ့်ရှေ့ရောက်လာပေသည်။
၁မိနစ်လောက်စွန့်အသွားသည်။
*အပျိုကြီးရေ ထမဟောင်မိအောင်ဘယ်လိုထိန်းရမလဲဟင်*ဟုသာစိတ်ကရေရွတ်မိသည်။
မတတ်နိုင်ပေ. .ရတဲ့အပုဒ်တော့ဖြေရပေမည်။
*ငါ့နှယ် ကံကောင်းလို့ Minor ရောက်မှပဲကျတော့မလို့*
Multiple choice တွေကိုနံကြားခေါက်ပြီးနောက်တော့ အဖြေလွှာအား ရေးခြင်းကိုရပ်စဲလိုက်သည်။
နေကြီးလဲခုံပေါ်ခေါင်းတင်လျက်အပျိုကြီး အခန်းအားလှည့်ပတ်နေသည်ကိုလိုက်ကြည့်နေမိသည်။
"မေခင်မြတ်နိုးခေါင်းကိုရှေ့လှည့်စမ်း..ငါလုပ်ရင်သေတော့မယ် ခေါင်းကြီးလဲလည်ထွက်တော့မယ်"
အပျိုကြီးခင်ကြီးအားဆူနေမှုကိုနေမျိုးကျက်သရေ ကြည့်၍ အူတက်နေပေသည်။ခင်ကြီးမှာမျက်နှာကြီးဆူပုတ်လျက်ပင်။
တဖြည်းဖြည်းနှင့်အပျိုကြီးမှာသူ့ထိုင်တဲ့အတန်းဘက်သို့လျောက်လာပေသည်။
ထို့နောက်သူ့ခုံလေးအရောက်လမ်းလျောက်နေသည်ကိုရပ်ကာအဖြေလွှာအားစိုက်ကြည့်ပြီးပြန်ထွက်သွားသည်။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...