"ကို လာရင်မေ့နာရီလေး အိမ်မှာသွားယူပြီးမှလာပါနော် မေ ရေချိုးတော့ချွတ်ပြီးဗီရိုပေါ်တင်ခဲ့မိလို့"
"ဟုတ်ပါပြီဗျာ ဒါနဲ့မေဘာစားပြီးပြီလဲ"
"ဟင်အင်း"
"အင်းး အဲ့တာဆိုကိုလာမှတစ်ခုခုဝယ်ခဲ့မယ်နော်"
"နေပါစေကိုရယ် ဘုန်းကြီးကျောင်းရောက်ရင်လဲ ဧည့်ခံကျွေးမွေးတာစားရအုံးမှာ မေမစားနိုင်လောက်ဘူး"
"ဒါပင်မဲ့မေက အစာအိမ်ထိထားတာကို တစ်ခုခုတော့စားထားမှပေါ့ ပြောစကားနားထောင်ကွာနော်"
"အင်းပါအဲ့ဆိုလဲအများကြီးတော့မဝယ်နဲ့နော် တခြားဆရာ၊ဆရာမတွေကသူတို့နဲ့တူတူထမင်းစားဖို့ခေါ်ရင် မေ့မှာမသွားလို့လဲမကောင်းဘူးရယ်"
"ဟုတ် အဲ့တာဆို see you နော်"
"ဟုတ်ကဲ့ပါရှင်"
ယနေ့ဟာကျောင်းဘုံကထိန်နေ့ဖြစ်တာကြောင့် နေကြီးတို့တစ်ဖွဲ့လုံးသွားရန်လူစုနေသည်မှာတစ်နာရီဖြစ်တော့မည်။အမြဲတမ်းနောက်ကျမှထသော သိမ့်တုန်နဲ့ပုတီးအကြောင်းသိလို့ တစ်နာရီစောပြီးချိန်းထားတာတောင်တော်ကာမကျ။
"ပုတီးနင်တို့ ပြင်ဆင်တာမြန်မြန်လုပ် ငါဒီနားခဏသွားလိုက်အုံးမယ် ပြန်လာလို့မှဘာမှမပြီးသေးရင် အသက်ကိုဖက်နဲ့ထုပ်ထား"
"ဟုတ်"
ထို့နောက်မေခိုင်းထားသည့်အတိုင်း သူမရဲ့အိမ်ဆီသို့ဦးတည်လိုက်သည်။နေကြီးလဲဆိုင်ကယ် ကို ခွလိုက်ပြီး ထမိန်နဲ့မို့မောင်းရသည်မှာသိပ်တော့အဆင်မပြေလှပေ။
မေတို့ကဆရာဆရာမများဖြစ်သည့်အလျောက်ဒီလိုနေ့မျိုးဆိုကျောင်းကိုစောသွားကြရပေသည်။
"မမလေး"
အိမ်ရှေ့တံခါးဝနားတွင်ထိုင်နေသောဆရာမညီမဖြစ်သူအားသူလှမ်းခေါ်မိသည်။
"အင်း မမကြီးဖုန်းဆက်ထားတယ် သူ့နာရီလာယူတာမလား"
"ဟုတ်တယ်မမလေး"
"အေးခဏလေး အမသွားယူပေးမယ်"
ထို့နောက် အိမ်နောက်ခန်းဘက်သို့ဝင်သွားသည်။ သိပ်မကြာသူမေ့အားဝယ်ပေးထားသောရွှေရောင်နာရီလေးနှင့်ပြန်ထွက်လာသည်။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...