"ဆရာမဟိုနားကလှလိုက်တာ"
နေမျိုးကျက်သရေမှာ ပန်းတွေနှင့်အလှဆင်ထားသောစက်ဘီးလေးဆီသို့လက်ညွှန်ပြကာဆိုသည်။
"ဟုတ်တယ်နော် ပန်းလေးတွေနဲ့ချစ်စရာလေး"
"လာဗျာ ဓာတ်ပုံရိုက်ပေးမယ်ဆရာမကို"
နေမျိုးကျက်သရေမှာနှင်းမေကိုလက်ကဆွဲခေါ်၍ ထိုနေရာသို့ခေါ်ဆောင်သွားသည်။
နှင်းမေလဲနောက်ကနေအလိုက်သင့်လေးလိုက်၍ ထိုကလေးစိတ်တိုင်းကျဓာတ်ပုံအရိုက်ခံရပေေတာ့သည်။
"ဆရာမ pose ပေးလေဗျာ"
"ဟုတ်ကဲ့ပါရှင်"
နှင်းမေမှာလက်လေးနှစ်ချောင်းထောင်ပြသည်။
ထို့နောက်လှပသောအပြုံးလေးအားဆင်မြန်းလျက် နေမျိုးကျက်သရေအားကြည့်နေပေသည်။ဖုန်းscreenထက်ဝယ်ထိုကဲ့သို့လှပသောပုံရိပ်အားနေမျိုးကျက်သရေတစ်ခါမှမကြည့်ခဲ့ဖူးပါ။
ထိုကဲ့သို့ပင် လှပသောနေရာများ၌သူတို့နှစ်ဦးမှာလှပသောပုံရိပ်များအတန်ကြာဖန်တီးနေခဲ့သည်။
"မျိုး~ မင်းလဲငါးစာကျွေးလေ"
"ကျွန်တော်တစ်ယောက်ထဲတော့မကျွေးချင်ပါဘူးဆရာမပါလာ~"
"ဪကွယ်..ကုသိုလ်လုပ်တာတောင်တို့ပါမှလား"
"နောင်ဘဝရေစက်ဆုံချင်လို့ပေါ့ဗျ လာပါဗျာ"
"ရေစက်ဆိုတာကောင်းခြင်းဆိုးခြင်းရှိသေးတယ်လေ"
နှင်းမေမှာရှေ့ကပြာလဲ့လဲ့ရေကန်ထက်သို့အကြည့်စိုက်၍ဆိုလေသည်။
"ဆရာမနဲ့သာဆုံရင်ကျွန်တော့်အတွက်ကကောင်းမွန်သောတွေ့ဆုံခြင်းတွေကြီးဖြစ်မှာပါ"
နေမျိုးကျက်သရေရဲ့စကားကိုကြားရ၍ သူမထိုကလေးအားကြည့်မိသည်။အရှေ့ကကြည်လင်နေသောရေထက်ထိုကလေးရဲ့မျက်ဝန်းများကပို၍ကြည်လင်တောက်ပလို့။
"ကဲပါ~~ပေး"
ဆက်ကြည့်ရန်ခွန်အားမရှိ၍ သူမလဲ ငါးစာကြွေးရန်ပေါင်မုန့်အားတောင်းလိုက်သည်။ထို့နောက်လှပသောရွှေငါးလေးတွေထံသို့စွန့်ကြဲလျက်။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...