အပိုင်း(၂၂)

1.1K 119 3
                                    

"ကဲချစ်တို့ရေ ဒီညနေကျူရှင် ပိတ်တယ်တဲ့ အပျိုကြီးက"
(ပုတီး)

လှေကားမှတစ်ဆင့်အပေါ်ထပ်သို့တက်လာကြာသော သူငယ်ချင်းများအားပုတီးလှေကားထိပ်မှ သူ့ကြောင်လေးအားပွေ့လျက်စကားဦးကြိုလိုက်သည်။

"ဘာ~ မဖြစ်နိုင်တာ"
(လမင်းချို)

"အေးလေ နင့်ကြောင်ကိုကျားကြီးလို့ပြောရင်တောင်ယုံအုံးမယ်ဟယ်"
(အရွှေ)

"ဪ တကယ်ပါဆိုအရွှေကလဲ"
(ပုတီး)

"မဖြစ်နိုင်တာ~ နေမကောင်းဖြစ်ရင်တောင်ကျူရှင်မနားတဲ့သူ၊ မိုးရွာလို့မလာလောက်ဘူးထင်ရင် မိုးကာကြီးဝတ်ပြီး ဆိုင်ကယ်ကို fighterလိုမောင်းပြီး‌ေရာက်ချလာတဲ့သူက ထူးထူးခြားခြား"
(ခင်ကြီး)

"အေးနော်ဆရာမဘာကိစ္စရှိလို့လဲမသိ တော်တော်အရေးကြီးလာမသိဘူး နင့်ကိုပြောသေးလားပုတီးဘာဖြစ်လဲဆိုတာ"
(လမင်းချို)

"ဟင်အင်းမပြောဘူး ဒီနေ့offတယ်ပဲပြောတာ"
(ပုတီး)

"အဟိ အဟိ.."
(ခင်ကြီး)

"ဟဲ့‌နင်ကဘာလို့တစ်ဟိဟိနဲ့ တက်နေတာလဲ"
(ပုတီး)

"ငါတွေးမိတာလေးရှိလို့"
(ခင်ကြီး)

"ဘာလဲ"
(ပုတီး)

"အပျိုကြီးများ ငါမနက်ကပြောလိုက်လို့ဘငါတို့နေကြီးဆီရောက်နေမလားလို့ ဟီးဟီး"
(ခင်ကြီး)

"မဖြစ်နိုင်တာဟယ် ဒေါ်ဒေါင်းနှင်းမေက တပည့်တစ်ယောက်ကို သတင်းမေးဖို့ကျုရှင်ပိတ်တယ်ဆိုတာ ငါသိခဲ့တဲ့သူ့သမိုင်းတစ်လျောက်အဲ့လိုမရှိဘူး"
(ပုတီး)

"အရင်ကမရှိပင်မဲ့ခုရှိနိုင်တယ်လေ လောင်းမလား"
(ခင်ကြီး)

"စိန်လိုက်လေ"
(ပုတီး)

"ကဲအဲ့တာဆိုငါကပုတီးဘက်"
(အရွေ)

"ရက်စက်တယ်နော်ရွှေကြီး"
(ခင်ကြီး)

"ငါလဲပုတီး"
(ဇင်ဇင်)

"ကဲငါကတော့ ခင်ကြီးဘက်ကနေမယ်အဲ့ဆို"
(လမင်း)

"ဟဲဟဲ အဲ့တာမှငါ့သူငယ်ချင်းလေး"
(ခင်ကြီး)

"ကဲဒါဆို ငါတို့သွားကြည့်ရအောင်နေကြီးအိမ်ကို"
(ပုတီး)

Appreciate the flower you wearWhere stories live. Discover now