အပိုင်း(၃၇)(END)

1.7K 119 13
                                    

"နှင်းမေရယ်အဲ့နှုတ်ထွက်စာကြီးမတင်ခင်ထပ်မစဉ်းစားတော့ဘူးလားဟင် ငါတို့ကိုရက်စက်တော့မှာလား"

"အမရည်မွန်ရယ် မရက်စက်ပါဘူးညီမနေရာ လူစားပြန်ဝင်မှာပဲဟာကို"

"တူမလားဟဲ့...ကိုယ့်ညီမလေး အလုပ်ထွက်တော့မဲ့ဟာကိုငါတို့ကပျော်နေမှာလား"

"အမရယ်ညီမလဲမဖြစ်လို့ပါ"

"မဖြစ်တာမရှိပါဘူးနော် မထွက်ပါနဲ့လားကွယ်တို့တွေလွမ်းနေရမှာ"

"အမရယ်တစ်မြို့ထဲရှိနေအုံးမှာပဲဟာကို ညီမပြောင်းရွေ့သွားတာလဲမဟုတ်ပဲ"

"ကဲဒါဆိုလဲ reasonလေးတော့ပေးလေရှင်တိတိကျကျ"

အမရည်မွန်မေးတဲ့အကြောင်းပြချက်တိတိကျကျဆိုသည့်အရာသည် ထားခဲ့သူ သာဖြစ်ပေမည်။အချစ်ဆိုတဲ့အရာကိုစိတ်ကစားသလိုသာတွေး‌တောနိုင်သည့်အရွယ်ကလေးတစ်ယောက်ကို အရာရာယုံကြည်ကာချစ်ခဲ့မိပြီးထားခဲ့ခြင်းကိုခံလိုက်ရသည်ဟုအမကိုပြောမိလျှင် အမတို့လှောင်ရယ် လေမလား။

ဒါပင်မဲ့လဲထိုအရာသည်တကယ်ဖြစ်ခဲ့လေသည်။သူဟာထိုကလေးအပေါ်ကို အရာရာထက်ပိုပြီးယုံကြည်စွာချစ်ခဲ့မိသည်။ထို့နောက်ထားခဲ့ခံရသည်။ မေးမြန်းနိုင်စွမ်းမရှိခဲ့သလို ပြန်ဖြေကြားမည့်အကြောင်းပြချက်များကိုတောင်သိခွင့်မရှိပဲ ထိုသူကသူအားထားခဲ့သည်မှာ ငါးနှစ်နီးပါးရှိနေလေပြီ။

"အမရည်မွန်ရယ် အမနှင်းမေကိုရစ်မနေပါနဲ့ သူ့မှာလဲအကြောင်းရှိလို့နေမှာပါ ကဲအမ ဆရာမကြီး ရုံးခန်းမှာရှိတုန်းသွားလိုက်နော် ပြီးရင်သူအပြင်သွားမယ်ကြားလို့"

"အေး ထိပ်ထား"

နှင်းမေလဲလက်ထဲမှာစာအိတ်လေးဖြင့်ထည့်ထားသော နှုတ်ထွက်စာအားကိုင်လျက်ရုံးခန်းဆီသာထွက်လာသည်။ယနေ့သည်ဝတ်ဆင်ထားသည့်အဖြူအစိမ်းဝတ်စုံအားစွန့်လွှတ်ရတော့မည်နေ့ပင်ဖြစ်သည်။

အကြိမ်ကြိမ်စဉ်းစားပြီးမှချခဲ့သည့်ဆုံးဖြတ်ချက်ဖြစ်သော်လဲ ဆုံးဖြတ်ချက်များရီဝေနေဆဲ။ထိုအလုပ်သည်သူအရမ်းမြတ်နိုး၍ရွေးချယ်ခဲ့ရသည့်အလုပ်မဟုတ်ပါလား။

Appreciate the flower you wearWhere stories live. Discover now