အချိန်မှာညနေလေးနာရီခွဲခန့်ပင်။
"ဆရာမ အိမ်မှာလူလဲမရှိပါလား"
"အင်းဖေဖေနဲ့မေမေကခရီးသွားတယ် ညီမလေးကလဲအလုပ်သွားတယ်လေ ဖြူသန့်လေးကလဲကျူရှင်သွားလို့"
"ဪ"
နေမျိုးကျက်သရေမှာဒေါင်းနှင်းမေအားတွဲလျက်ပင်အိမ်ထဲဝင်လာသည်။
"ဆရာမ ဒီမှာထိုင်နေလိုက်ပါလား"
"ဟင်အင်းတို့အခန်းဆီပို့ပေး"
အနားရှိထိုင်ခုံပေါ်ထိုင်စေသော်လဲ မထိုင်ချင်သောကြောင့် သူ့ဦးတည်ရာသူ့မအခန်းဆီသို့ပင်တွဲလာရပေသည်။
"ကုတင်ပေါ်မှာထိုင်မယ်"
"ဟုတ်ကဲ့"
နေမျိုးကျက်သရေလဲ သူမရဲ့ကုတင်ပေါ်သို့ထိုင်ခိုင်းလိုက်သည်။
အခန်းမှာ အရမ်းမကြီးလွန်းလှသော်လဲ လူတစ်ယောက်စာအတွက်တော့ အဆင်ပြေသည့်အခန်းပင်။စာကြည့်စာပွဲဘေးက စင်ပေါ်ရှိစာအုပ်စီစီရီရီများကိုကြည့်ခြင်းဖြင့် သူမသည် စာဖတ်ရတာအတော်ကြိုက်ပုံပင်။
"ဟိတ်..ငေးမနေနဲ့"
"ဗျာ ဟုတ်"
"ဟိုဟာလေ တို့ကို ဗီဒိုလေးဖွင့်ပေးပါလား အင်္ကျီလဲချင်လို့"
နေမျိုးကျက်သရေလဲ ဗီဒိုကိုဖွင့်လိုက်သည်။ အထဲမှာ စနစ်တကျတိုက်ချွတ်ထားသောအင်္ကျီများ အရောင်မှာလဲအစုံပင်။
"ဟိုမင်းလက်နားက ပန်းရောင် shirt လေးပေးပါလား ပြီးတော့အောက်ဘက်ကထမိန်လေးရော"
*Shirt အင်္ကျီဝတ်မလို့လားဟ သူဝတ်တာလဲငါတစ်ခါမှမတွေ့ဖူးပါဘူးဒါမျိုးလဲဝတ်တတ်သားပဲ*
"ဒီမှာ..ဆရာမ ကျွန်တော်အပြင်ထွက်ပေးမယ်နော်"
"ရပါတယ် ဟိုဘက်သာလှည့်နေပေး"
"ဟုတ်"
နေမျိုးကျက်သရေလဲတစ်ဖက်ကိုသာလှည့်နေလိုက်သည်။
"ရပြီ ပြန်လှည့်လို့"
အနောက်သို့လှည့်လိုက်သည်နှင့် ဖြူဖွေးလှသောအသားအရည်ထက်ဝယ်ဆင်မြန်းထားသော ပန်းရောင်အင်္ကျီလေးမှာလိုက်ဖက်မှုရှိလှသည်။
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...