"ဟဲ့နင်တို့ဟာကမဟုတ်သေးပါဘူးဟယ်"
"ဘာဖြစ်လို့လဲ ဆရာမ ရ"
"ခဏနေရင်ပဲစင်ပေါ်တက်ရတော့မဲ့ဟာ ခုထိလွဲနေကြတုန်း"
"မပူပါနဲ့ဗျာ သူ့ဘာသူအဆင်ပြေသွားလိမ့်မယ်"
"အေးလေ မပြေလို့လဲမရဘူးလေ သေချာလုပ်ကြ ဒါနဲ့နေမျိုးကျက်သရေရော ပုတီးရေးးးး"
"ရှင်အမေ "
"ဟဲ့နင်တို့နေကြီးဘယ်ရောက်သွားတုန်း"
"ဟို..ဟိုလေ ဆရာမဒေါင်းနှင်းမေနဲ့တော့တူတူတွေ့လိုက်မိတယ်"
"သွားခေါ်စမ်း ဒီမှာက ပွဲစတော့မှာ အခမ်းအနားမှူးကဘယ်ပျောက်နေမှန်းမသိ"
"သွားပြီအမေရေ"
ဆရာမနီရဲ့နားပူမှုများကိုခံစားနေရသောပုတီးမှာ နေကြီးက မေတ္တာပို့နေပေတော့သည်။
__________________
"ဆရာမသောက်နော် ပေးကျွန်တော့်ကိုခြင်းတောင်း""အတော်ပဲမောနေတာ"
နေမျိုးကျက်သရေတစ်ယောက် ပွဲအစီအစဉ်ဇယားကိုသွားယူရာအပြန်လမ်းမှာ ဒေါင်းနှင်းမေနှင့်တွေ့၍ တကောက်ကောက်ပါသွားခြင်းပေ။
"ဒါနဲ့ မင်းဒီနေ့ announcerလုပ်ရမှာမလား"
"Of course"
"ဘယ်လိုဖြစ်လို့ဒို့နဲ့လိုက်လာတာတုန်း မအားဘူးမလား"
"ဆရာမအတွက်ဆိုအားပါတယ်"
"မင်းကတော့"
ဒေါင်းနှင်းမေမှာ နေမျိုးကျက်သရေအားမနိုင်သောပုံဖြင့်ကြည့်ကာတစ်ဖက်လှည့်သွားသည်။
"နှင်းမေ ခန်းမသွားမလို့လား"
"ဟုတ်အမနွယ် သွားမှာအခု အခန်းထဲမှာခြင်းထားပြီးရင်"
ဒေါင်းနှင်းမေမှာ ကျောင်းရဲ့စာရင်းကိုင်အမ အန်တီ ခိုင်နွယ်နှင့်စကားပြောနေသော်လဲ မမျှော်လင့်ပဲနေမျိုးကျက်သရေရဲ့ခြင်းကိုင်ထားသောလက်အားအပေါ်မှထပ်ကိုင်ထားမိနေပေသည်။
"အေးအေး အမလဲခုပဲရုံးခန်းကဆင်းလာတာ ခန်းမနားမှာလူတွေကိုနည်းတာမဟုတ်ဘူးရယ်"
"ဟုတ်အမရေ ကျောင်းခန်းမကဒီအချိန်ဆိုလူအစီကားဆုံးမလား"
"ဟုတ်ပ ဟုတ်ပ အမသွားပြီ နေမျိုးကျက်သရေ သွားပြီနော်"
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...