မနက်ခင်းအေးမြလှတဲ့ လေအဝေ့မှာ နှင်းမေရဲ့ စိတ်များကတော့အေးမြခြင်းနဲ့မတူ ပူပင်လျက်။
*ငါအရမ်းများတွေးနေမိတာလား အငယ်မပြောသလို ဒါဟာသာမန်အရာတစ်ခုပဲလေ*
"ဆရာမ..ဆရာမ"
"ဟင် .ဟင်"
အတွေးလွန်နေမိသည်ဖို့ရှေ့ကကလေးတွေရဲ့ခေါ်သံမကြားမိ။
"သမီးတို့ဖြေပြီးသွားပြီ ဆရာမ"
"ဪ အေးအေး စာအုပ်တွေထပ်ခဲ့ကြနော် သမီးတို့ပြန်လို့ရပြီ အိမ်ပြန်ပြီးကျောင်းသွားဖို့ပြင်ဆင်ကြ"
မနက်ခင်းကျူရှင်တွင်ကလေးတွေရဲ့စာအုပ်တွေကိုအမှတ်ခြစ်လျက် သူမကျန်ရစ်မိသည်။ ကျောင်းသွားဖို့ကိုယနေ့မှစိတ်မပါသလို။
သို့သော်လဲသွားရပေအုံးမည်။သူမသည် အမှတ်ခြစ်ပြီးစာအုပ်များကိုစီရီစွာထပ်ထားခဲ့ပြီး အောက်ထပ်သို့ဆင်းကာကျောင်းဆီသို့ဦးတည်ရန်ပြင်သည်။
"သမီးသွားေတာ့မလို့လား"
သူမစာသင်သော ယခုအိမ်ပိုင်ရှင် ဒေါ်မေသက်ကမေးခြင်းပင်။ ဒီမနက်ပိုင်းကျုရှင်သည် သူမ၏မြေးနဲ့ သူ့သူငယ်ချင်းG11 ကကလေးများစုသင်ကြခြင်းဖြစ်သည်။
"ဟုတ်ကဲ့အဖွား ဒီနေ့ သမီးအသင်းလဲဖြစ်တာမို့ကျောင်းစောသွားရမှာမလို့"
"အေးကွယ်ဆိုင်ကယ်ကိုဂရုစိုက်မောင်းအုံး"
"ဟုတ်ကဲ့အဖွား သမီးကိုခွင့်ပြုပါအုံး"
နှင်းမေလဲဆိုင်ကယ်ဦးထုပ်အဖြူလေးဆောင်းကာ ကျောင်းသို့ထွက်လာခဲ့သည်။
_______________________
"နေကြီး သက်သာသွားပြီလား ကျွန်တော်ကအဲ့လောက် ထိဖျားနေမှန်းမသိလို့ ပုံမှန်ပဲထင်တာ"
(ခင်ကြီး)ခင်ကြီးမှ အခန်းထဲသို့ဝင်လာလျက်ဆိုသည်။လက်ထဲမှာလဲ ကော်ဖီဘူးတစ်ဘူးဖြင့်။
"ခုလဲပုံမှန်ပါပဲကွာအေးဆေး အသက်နဲ့အဝေးကြီး"
(နေကြီး)"ယုံပါတယ်ဗျာကျွန်တော်တို့နေကြီးက အပျိုကြီးကိုမရမချင်းမသေသေးတာကို"
(ခင်ကြီး)
YOU ARE READING
Appreciate the flower you wear
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...