အပိုင်း(၃၄)

1.3K 108 10
                                    

"နေကြီး ဒီနေ့ပြုံးဖြီးနေပါလားမျက်နှာက"
(ခင်ကြီး)

ကျောင်းရောက်ရောက်ခြင်းပင်ခင်ကြီးမှလွယ်အိတ်ချလျက်ဆိုသည်။

"ပုံမှန်ပါပဲကွာမင်းထင်လို့ပါ"
(နေကြီး)

"မဟုတ်ဘူးမဟုတ်ဘူးထူးခြားနေတယ် ငါခုနကထဲကသူ့ကိုကြည့်နေတာ အောင်မလေးကောင်းကင်ကြီးကိုကြည့်ပြီးပြုံးဖြီးနေတာ ဒါတွေကရည်းစားရှိတဲ့လူတွေရဲ့လက္ခဏာဟ"
(လမင်းချို)

"နေကြီးရည်းစားရှိနေပြီမလား"
(ပုတီး)

"မရှိရပါဘူးဟ နင်တို့ကလဲကောင်းကင်ကြည့်တာတောင်အပြစ်ပြောနေတယ် ဒုက္ခပဲ"
(နေကြီး)

"တကယ်လို့တွဲမယ်ဆိုလဲနေကြီးရယ် သူချစ်ကိုပဲတွဲစမ်းပါ အပျိုကြီးလိုလူကိုဆို‌ ရှောင်လိုက်"
(သိမ့်တုန်)

"ဘာဖြစ်လို့လဲဟ"
(နေကြီး)

"ကိုယ်ချစ်‌‌တွေကပင်ပန်းရတယ်လေ သူ့ဘက်ကလဲမေတ္တာဆိုတဲ့အရာကို‌ရောင်ပြန်ဟပ်အုံးမှလေ ဒါတွေကိုကနေကြီးအသိဆုံးပါ"
(သိမ့်တုန်)

"ကဲပါကွာမင်းတို့ကလဲ ငါ့ကြီးတရားချနေတာပဲ ဒီနေ့နင်တို့အသင်းနေ့မလားကိုယ့်လုပ်စရာရှိတဲ့ဟာသွားလုပ်ကြအုံး"
(နေကြီး)

ထိုကလေးတစ်ဖွဲ့ကြောင့် နေမျိုးကျက်သရေပျော်နေသည့်အတွေးများမှ ခဏရုံးထွက်လာမိသည်။တစ်ခါတစ်လေမေဟာတစ်ခုခုကိုဝန်ပိနေသည့်ပုံ။အသက်အရွယ်ကွာခြားမှုနဲ့ပုံမှန်မဟုတ်သောဆက်နွယ်မိသည့်မေတ္တာကြောင့်လဲဖြစ်နိုင်ပေသည်။

သေချာသည်တစ်ခုကဒီလိုသူတို့နှစ်ဦးဆက်နွယ်မှုမှာမေ့ဘက်ဟာ‌လဲလွယ်ကူမည်တော့မဟုတ်။

ထိုခက်ခဲတဲ့ပတ်ဝန်းကျင်မျိုးစုံနဲ့ရင်ဆိုင်ရမည့်လမ်းကြောင်းကိုသူတို့နှစ်ဦးမည်မျှပင်လက်တွဲဖြတ်ကျော်နိုင်မည်လဲ။ထိုသည်ကပင်အဖြေမသိနိုင်တဲ့ပဟေဠိပင်။

~~~~~~~~~~~~
"တက္ကသိုလ်ကျောင်းတော်သားကို
အကြင်နာပိုမိလို့ ~~
အားငယ်မိတယ်မေ့မှာ
မခင်တွယ်မှာဆိုးလို့"

လချုပ်စာရင်းတွေလုပ်နေသောနှင်းမေမှာပါးစပ်မှလဲ သီချင်းသံလေးတငြီးငြီးဖြင့်ပင်။

Appreciate the flower you wearWhere stories live. Discover now