မကြိုက်သင့်သော တီချယ်🫀 P-1

11.7K 347 6
                                    

တီချယ်နဲ့တပည့်ဇာတ်လမ်းလေးပါရှင့် သင်ကြားရေးစနစ်သစ်ကိုရေးထားခြင်းကြောင့် စနစ်ဟောင်းနဲ့ကွဲလွဲနေတာမျိုးတွေရှိနိုင်ပါတယ် လိုအပ်တာတွေရှိရင်လည်း တောင်းပန်ပါတယ် အမှားပါရင်လည်း ခွင့်လွှတ်ပေးပါနော် 🤍

"မကြိုက်သင့်သော တီချယ်🫀"
အပိုင်း(၁)

နွေရာသီကျောင်းပိတ်ရက်(၃)လက ခဏလေးနဲ့ကုန်ဆုံးခဲ့ပြီ ကျောင်းပြန်တက်‌ရတော့မယ့်အချိန်။

"ပါးပါး ဘယ်နေ့ကျောင်းအပ်ရမှာလဲ"
"ပါးပါးတို့ ၂၇ရက်နေ့သွားအပ်ကြမယ့်လေ"
"ဟုတ်ကဲ့"

____

၂၇ရက်နေ့-

"သမီးရေ ထတော့ ဒီနေ့ကျောင်းသွားအပ်ရအုံးမယ့်လေ"

"ဟုတ်" နရီကြည့်လိုက်တော့ ၁၀နာရီပင်ထိုးနေပြီ။ အကုန်ပြင်ပြီတော့ ကြည့်လိုက်စဉ် ၁၁ထိုးတော့မည်။

"ပါးပါးသွားရအောင်"

ပါးပါးက ကားနဲ့ ကျောင်းသို့ မောင်းလာခဲ့တယ် ကျောင်းနဲ့အိမ်ကအရမ်းမဝေးတော့ ၁၀မိနစ်အတွင်း ကျောင်းကိုရောက်သွားပါလေရော
ကျောင်းမှာတော့ လူရှင်းနေတယ် ဆရာမတွေကတော့ ကျောင်းအပ်လက်ခံတဲ့နေရာမှာ စကားတွေပြောနေကြပြီး ရယ်သံလေးတွေ ပွဲကျနေကြတာပေါ့

"တီချယ် ကျွန်တော် သမီးကိုကျောင်းအပ်ချင်လို့ပါ"

ထမင်းစားနေတဲ့ ၆တန်းအတန်းပိုင်ဟုထင်ရ‌သူ တီချယ်မှာ ထလာပြီ...

"သမီးနာမည် ဘယ်လို့ခေါ်လဲ"

"မေတ္တာ‌နွေး"

"အရင်နှစ်က ၅တန်းအောင်ထားလား သမီး"

"ဟုတ် အောင်ပါတယ်"

တီချယ်က အရင်နှစ်ကျောင်းသားစရင်းကိုကြည့်လိုက်ပြီ ကိုယ်နာမည်ကိုရှာနေခဲ့တယ် ‌ကိုယ်ရဲ့ အမည်ကိုတွေ့တော့ ဖောင်လေးပေးပြီ ဖောင်ဖြည့်ခိုင်းသည်။ တီချယ်လက်ကိုအမှတ်မထင် ကြည့်မိလိုက်တော့ သွေးကြောစိမ်းစိမ်းလေးတွေနဲ့ လက်နုနုလေးပင်။

"ဒါဆိုဖောင်ဖြည့်ပေးပါအုံးနော်"
"ဟုတ်ကဲ့ တီချယ်"

ကိုယ်က ၆တန်းတက်မဲ့ကလေးတစ်ယောက်ပါ။ နာမည်ကတော့ မေတ္တာနွေး အသက်၁၂နှစ်ပေမဲ့ ရည်း‌စားထားတဲ့ကလေးတစ်ယောက်ပါ ထားရင်လည်း အကြာကြီးမတွဲ လိုင်းပေါ်ကဘဲတွဲတယ်
bi(မိန်းမ ယောက်ကျားအကုန်ကြိုက်သူ)တစ်ယောက်လည်းဖြစ်ပါတယ် သို့ပေမဲ့ တွဲသမျှက မိန်းကလေးတွေကြီးပဲ
လူကြီးတွေရှေ့မှာတော့ လူရိုးလေးဆိုပေမဲ့
နောက်ကွယ်မှာက သာမန်မဟုတ်တဲ့ကလေး။

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now