မကြိုက်သင့်သောတီချယ်🫀 P-30

2.9K 144 4
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၃၀)




နွေးမိဘတွေကနွေးကိုအသည်းအသဲလိုက်ရှာနေကြသောလည်းအပုန်းကောင်းသည့်နွေးတို့ကတော့ရှာမတွေ့နိုင်သည့်နေရာတွင်သာသာယာယာနဲ့နေနေကြသည်။ဒီလို့ဆိုပြန်မလာတော့တဲ့အထိဖြစ်သွားနိုင်သည့်မို့နွေးမိဘတွေပူပန်လာကြသည်။နွေးမိဘတွေတင်မဟုတ်ဘဲငယ်မိဘတွေကပါစိတ်ပူနေကြသည်။အကြောင်းရင်းမှာသူတို့သမီးအလိမ္မာလေးကသူများအိမ်ကအသက်မပြည့်သေးသည့်ကလေးနဲ့ခိုးရာလိုက်ပြေးသွားလို့အခုဆိုတရားစွဲခံရတော့မလို့တောင်ဖြစ်နေသည်။‌နွေးတို့နှစ်ယောက်ပျောက်နေတာ၂ရက်သာရှိသေးတယ်ဆိုပေမဲ့အခြေအနေတွေကထိန်းမနိုင်သိမ်းမနိုင်တွေဖြစ်နေသည်။
ကျောင်းမှာလည်းနွေးနှင့်ငယ်ကိုအတင်းအဖျင်းပြောနေသည့်လူကမနည်းပါ။အဓိကတိုက်ခိုက်ခံရတာကတော့ငယ်ပင်ဖြစ်သည်။ဆရာမတစ်ယောက်ပြီးတပည့်တစ်ယောက်နဲ့ဒီလို့တွေဖြစ်ပျက်နေတာကြောင့်ဝေဖန်ခံနေရသည်။သို့သော်ငယ်တို့ရဲ့အချစ်ကိုအားပေးသူတွေလည်းရှိသေးသည်။အခြေအနေတွေကဒီလို့ဖြစ်နေသော်လည်းနွေးတို့ကတော့နှစ်ယောက်ထဲကမ္ဘာလုပ်လို့ကောင်းတုန်းရှိသေးသည်။
နွေး၏သူငယ်ချင်း၄ယောက်ကတော့နွေးရဲ့လုပ်ရပ်ကိုအံ့ဩမှင်သက်နေကြသည်။

"ဟဲ့ နွေးကတကယ်ကြီးခိုးရာလိုက်ပြေးသွားတာလား"
(ပျို)

"မဟုတ်ဘူးဟ ထွက်ပြေးသွားတာ"
(သံစဉ်)

"ထွက်ပြေးတာနဲ့ခိုးရာလိုက်ပြေးတာအတူတူပဲမဟုတ်ဘူးလား"
(ပျို)

"မတူဘူးလေ...နွေးကတော့လုပ်လိုက်ရင်အဆန်းတွေကြီးပဲ"
(သံစဉ်)

"အဲဟာမကလူထူးဆန်းလေ....ငါကတော့နှမြောတာပဲသိတယ်"
(လမင်း)

"နွေးကိုလား"
(နှင်း)

"ဖြစ်မလား စဉ်းစားလေ ငါနှမြောတာတီချယ်ငယ်ကို...တီချယ်လှလှလေးကိုအဲဟာမဘယ်လို့အပိုင်ရအောင်လုပ်သွားလဲမသိ"
(လမင်း)


‌"နွေးကြားရင်လာသတ်နေလိမ့်မယ် ဒါပေမဲ့လဲနင်ပြောတာငါလဲထောက်ခံတယ်"
(နှင်း)


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now