မကြိုက်သင့်သောတီချယ်🫀 P-18

2.9K 131 9
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၈)





"ကလေးငယ်ရာ ဘာလို့မပြောခဲ့တာလဲ မတည့်ကြောင်းချင်ပြောပြခဲ့ရင်...ဟင့်အင်းမဟုတ်ဘူး သူစားနေတုန်းက မအီမသာဖြစ်နေတဲ့ရုပ်ကိုမြင်ကတည်းကသိသင့်တာ နေမြန်မြန်ကောင်းပါစေ ကလေးငယ်..."


ထိုနေ့က ငယ်အိမ်ပြန်ရောက်တော့နွေးကိုဖုန်း၃ခါလောက်ခေါ်ကြည့်ခဲ့ပေးမယ့်နွေးကဖုန်းမကိုင်ခဲ့ဘူး။ကြည့်ရတာ အခုထိမနိူးလာသေးဘူးထင်ပါတယ်။ နွေးအဖေကိုဖုန်းခေါ်ကြည့်ပေမဲ့လည်း မကိုင်ခဲ့ဘူး သူတို့လည်းနွေးကြောင့် စိတ်ပူပန်နေရောပေါ့။

ငယ်တစ်ယောက်အပြစ်ရှိစိတ်၊၀မ်းနည်းစိတ်၊ငိုချင်စိတ်တို့ကြောင့်ညအိပ်ချိန်မှာအိပ်မပျော်ခဲ့ဘဲ မျက်လုံးတွေအစ်တဲ့အထိငိုနေခဲ့သည်။ငိုရတာပင်ပန်းလာလို့ထင်ပါတယ် ငိုလို့‌၀သွားတော့အိပ်ပျော်သွားတော့သည်။



နွေးဘက်မှာတော့-

အေးချမ်းလှတဲ့နေရာလေးတစ်ခု။ နှင်းဆီပန်းခင်းတွေရဲ့အလယ်မှာရှိနေတဲ့လူ၂ယောက်။တစ်ယောက်ကမိန်းကလေးဖြစ်ပြီကျန်တစ်ယောက်ကတော့ ယောက်ကျားလေးပေါ့။ ချစ်ကြည်နူးနေကြပုံပါပဲ ‌ကောင်လေးက သူကောင်မလေးကိုနှင်းဆီပန်းလေးခူးပေးနေတာ ကြည့်နေသူအဖို့ ကြည်နူးဖို့ကောင်းလှသည်။ ရုတ်တရက်ဆိုသလို့ အခြားနေရာတစ်ခုကိုထပ်ရောက်သွားခဲ့တယ်။ ဒီနေရာက ခုနကနေရာနဲ့လုံး၀မတူပဲ ကွဲပြားနေသည်။ တိုက်ကြီးတစ်ခုရဲ့အပေါ်ဆုံး‌ခေါင်မိုးပေါ်မှာဖြစ်ပြီ မြူတွေကြောင့် မြင်ကွင်းကိုရှင်းရှင်းလေးမမြင်ရပေမဲ့ ခုန်ကျတော့မည့်ကောင်လေးကိုတော့ရှင်းရှင်းလင်းလင်းမြင်နေရသည်။ နွေးဘယ်လောက်ဘဲ အော်ပြောနေပါစေ အသံမထွက်လာပါ။ ထို့နောက် သူအရှေ့ကကောင်လေးကိုသေချာကြည့်လိုက်တော့ နွေးရဲ့ကိုကိုဆိုတဲ့သူဖြစ်နေခဲ့သည်။ သိပ်မကြာပါ ထိုကောင်လေးသည်နွေးကိုတစ်ချက်ပြုံးပြပြီ တိုက်အောက်ကိုခုန်ကျသွားသည်။

"ကိုကို....ဟူး... ဟူး"


နွေးအိပ်မက်တစ်ခုကိုမက်နေချင်ပင်ဖြစ်သည်။ နွေးနဖူး‌တွင်လည်းချွေးတွေကျနေသည်။ပတ်၀န်းကျင်ကိုကြည့်လိုက်တော့ သူအခန်းဖြစ်မှန်းသိသွားသည်။ဆေးရုံးတော့မဟုတ်ချေ။ အိပ်ရာကနေထလိုက်တော့ ခေါင်းကကိုက်ခဲနေပေမဲ့ ခုနတုန်းကလောက်မဆိုးတော့ပေ။ အချိန်ကိုကြည့်လိုက်တော့ ည၁၁နာရီရှိနေပြီး မားမားက ခုံပေါ်မှာအိပ်နေသည်။ သူတို့လည်းနွေးကိုကြည့်နေရင်အိပ်ပျော်သွားခြင်းပင်ဖြစ်သည်။




မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now