မကြိုက်သင့်သောတီချယ်🫀 P-6

3.4K 197 4
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၆)

_____

23.6.23 သောကြာနေ့လေးတစ်ခုပေါ့ နွေးရဲ့အသင်းနေ့ဆိုလည်းမမှားသလို့ တီချယ်၏ ဂျူတီကျတဲ့နေ့ဆိုလည်းမမှားပါ။

တခါတလေကျရင်တီချယ်အနားမှာ ကပ်ဖားနေတဲ့လူတွေကို အားကျမိတယ် တီချယ်ရဲ့ အနားမှာ နေပြီစကားတွေပြောခွင့်ရနေလို့ပေါ့။တီချယ် အကြည့်တွေက မထင်ရင်မထင်သလို့ကြောက်ဖို့ကောင်းသား အဲလို့အကြည့်တွေနဲ့တီချယ်ကို သဘောကျလာမိပြီဆိုရမည်။
ကိုယ်ရဲ့တီချယ်လေးက တံမြက်စည်းလှည်းနေတာကိုမြင်လိုက်တော့...

"တီချယ် ဘာကူညီပေးရမလဲ ဒီနေ့ သမီးအသင်းမို့ပါ"

"တီချယ်ကို အမှိုက်လေးကူလှည်းပေးနော်"

"ဟုတ်ကဲ့ တီချယ်"

"သမီး...အဲဒါက ဘာလုပ်နေတာလဲ"

"ရှန် တီချယ်"

တီချယ်ပြောလည်းပြောချင်စရာ နွေးတစ်ယောက် တီချယ်ကိုငေးနေတာနဲ့ဘဲ စုထားတဲ့အမှိုက်တွေကို အခြားတစ်ဖက်ကိုပြန်လှည့်နေမိတာ။

"သမီးအတွေးလွန်နေတာနဲ့ မှားကုန်တာ ဟဲဟဲ"

"အတွေးလွန်နေတာရောဟုတ်ရဲ့လား ဆရာမကိုငေးကြည့်နေလို့မဟုတ်ဘူးလား"
တီချယ်သည် နွေးသူကို ခိုးငေးနေမှန်းသိသည်။

"သိသာသွားလား"

"သိသာတယ်"

နွေးတစ်ယောက် နီရဲရဲမျက်နှာနဲ့ရယ်ရုံဖြင့်သာ ဘာမှဆက်မပြောတော့ပါ။

စနစ်သစ်စာကို အချို့ကလွယ်လိုက်တာလို့ပြောနေကြပေမဲ့ တကယ်တော့အဲလောက်မလွယ်ဘူး
အတန်းကြီးမှာသင်ရတဲ့စာတချို့က အခုထဲကပါလာတာမျိုး ဆရာမတွေလည်း စနစ်သစ်စာဆိုတော့ သေချာလေ့လာမှတ်သားရတာပေါ့။
(ဘာမှမဟုတ်ဘူး ဒီတိုင်းပြောပြတာ)

______

ဒီ‌လို့နဲ့လ၀က်စာမေးပွဲကြီးတောင်ပြီးသွားခဲ့တယ် တီချယ်နဲ့က လမ်းမှာတွေ့လို့နှုတ်ဆက်တာရယ် စာမေးတာရယ်ကလွဲလို့ကျန်တဲ့အချိန်တွေမှာ စကားမပြောဖြစ်ကြဘူး
နွေး ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ် အဲဒါကတော့ လ၀က်စာမေးပွဲပြီရင် တီချယ်ရင်းနှီးမှုရအောင်ယူမယ့်အခွင့်ကောင်းရင်ဖွင့်ပြောမယ်!။ အခုက စတင်ရတော့မဲ့အချိန်ပေါ့....

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now