မကြိုက်သင့်သောတီချယ်🫀 P-31

3K 134 8
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၃၁)


နေသာတဲ့တစ်နေ့ပေါ့။ငယ်တို့နှစ်ယောက်အိမ်ထဲမှာအစားသောက်များချက်ပြုတ်နေစဉ်အိမ်ရှေ့ကလူခေါ်သံကြောင့်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်သတိထားဖို့ပြောလိုက်ကြသည်။
ဦးစွာငယ်ကခြံတံခါးကိုဖွင့်ပေးလိုက်သည်။ထိုနောက်အနက်ရောင်ကားတစ်စီးကအတင်း၀င်ချလာသည်။


"ဟိတ်လူ ရှင်ကားကိုဘယ်လို့မောင်းလာတာလဲ"


ငယ်ပြောရုံပဲရှိသေးသည် ကားထဲကလူသန်ကြီးတွေဆင်းလာကာငယ်ခေါင်းကိုတုတ်နဲ့ရိုက်ပြီအိမ်ထဲကိုခေါ်သွားသည်။ထိုနောက်မိန်းကလေးတစ်ဦးကားပေါ်ကဆင်းလာသည်။နွေးကတော့အဖြစ်ပျက်တွေကမြန်ဆန်လွန်းလို့လိုက်မမှီ‌တော့ပါ။


"ကလေးမ"


"မင်း! သွန်းပြည့်ခင်....တီချယ်ကိုဘာလုပ်လိုက်တာလဲ"


"အို...ကလေးကလဲကွာ မင်းတီချယ်ကိုတုတ်လေးနဲ့ရိုက်လိုက်ရုံပါပဲ ဓားနဲ့မထိုးရသေးဘူး"


"တောက်! မင်းဘာဖြစ်ချင်နေတာလဲ"

"ကိုယ့်ဖြစ်ချင်တာမင်းရဲ့ချစ်သူ"

"ဖြစ်နိုင်တာပြော"

"ဒါဆိုမဖြစ်နိုင်ဘူးလား"

"အေး မဖြစ်နိုင်ဘူး"

"အဲတာဆိုရင်မဖြစ်ဖြစ်တဲ့နည်းနဲ့အရယူရုံပဲ"


နောက်လိုက်တွေကိုအချက်ပြကာနွေးကိုဖမ်းဆီးလိုက်ကြသည်။သွန်းပြည့်ခင်ဆိုတဲ့မိန်းမက၇တန်းဆိုပေမဲ့အသက်က၁၅နှစ်ရှိနေပြီ။သို့သော်ဦးနှောက်တော့မရှိပုံပဲ။
နွေးကိုငယ်နဲ့အတူအိမ်ထဲဆွဲခေါ်သွားကြသည်။ထိုနောက်ငယ်တို့မ‌နေဖြစ်တဲ့အခန်းတစ်ခန်းထဲကိုထည့်လိုက်ကြသည်။


"ငါကိုလွှတ်ပေးစမ်း သွန်းပြည့်ခင်!"

"အသုံးအနှုန်းတွေပါပြောင်းလို့ပါလား"

"အဲတော့ဘာဖြစ်လဲ"

"ဘာမှမဖြစ်ပါဘူးကွာ ဒါပေမဲ့လေသံလေးလျော့ပေးပါလား အရမ်းရန်လိုနေသလို့ပဲ"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now