မကြိုက်သင့်သောတီချယ်🫀 P-17

2.9K 154 2
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၇)





"စိတ်ကောက်တော်မူသွားသူလေးတီချယ်ကိုဘယ်လို့များပြန်ချော့ရပါမလဲ။အင်း...သိပြီ! တီချယ်ကိုချော့ဖို့သိပ်မခက်ပါဘူး ဟဲဟဲ။"

နောက်တစ်နေ့မနက်-

မနက်အိပ်ရာကနိုးထလိုက်ချိန်ပထမဆုံးတွေးမိသူကိုပြောပါဆိုရင် မလည်သလို့ဟန်နဲ့လူတတ်လေး‌နေဖြစ်သူကိုလို့ပြောရမည်။ ထို့နောက်ငယ်လည်းဘာမှဆက်မစဉ်းစားတော့ဘဲ ရေမိုးချိုးကာ ‌မိတ်ကပ်ပါးပါးလိမ်း၍အဖြူအစိမ်းလေးကို၀တ်ဆင်လိုက်တော့သည်။ မနက်စာစားဖို့အချိန်မရှိတာနဲ့ပေါင်မုန့်‌နဲ့နွားနို့ဘူးလေးယူကာ ကားပေါ်သို့တက်လိုက်တော့သည်။ "ငါ ကလေးငယ်နဲ့တွဲတာဖြစ်သင့်ရဲ့လား တပည့်နဲ့ဆရာမဆိုတဲ့အရာကြီးကလည်းရှိနေသေးတာကို ငါဘာလို့ချစ်မိပြီတွဲဖို့လက်ခံခဲ့ရတာပါလဲ"

အတွေးပေါင်းစုံနဲ့ကားမောင်းလာခဲ့တော့သည်။ ကျောင်းနဲ့အိမ်ကသိပ်မဝေးတာကြောင့် မိနစ်၂၀အတွင်းရောက်သွားတော့သည်။
ကားပေါ်ကနေဆင်းလာပုံမှာမြင်သူငေးလှအောင်ယဉ်လှသည်။ စီးလာတဲ့ကားကလည်း နောက်ဆုံးပေါ်ဆိုတော့ လူများအကြားထင်ရှားနေသည်။

လက်ထဲမှာကျုးလစ်ပန်းကိုင်ကာစမတ်ကျစွာဖြင့်ကျောင်း၀န်းထဲကို၀င်လာသူနွေး။
အကုန်လုံးကသူကိုကြည့်‌နေကြသောလည်းမည်သူကိုမှမကြည့်ဘဲ အဆောင်ရှိရာသို့လျှောက်လမ်းလာခဲ့သည်။

အတန်းထဲရောက်တာနဲ့သူငယ်ချင်းဖြစ်သူနှင်းနှင့်ပျိုတို့၏အသံကိုကြားလိုက်ရသည်။

"ဟိတ်...လက်ထဲမှာလည်းပန်းနဲ့ ဘာလဲ မရိုးသားဘူးနော်"
(နှင်း)


"ဟုတ်ပ ကောင်မလေးတစ်ယောက်တော့မရိုးတော့ဘူး"
(ပျို)

"ဟဲ့..နွားမတွေ ကိုယ်က‌ ဒေါ်မာနငယ်ကိုပေးဖို့ယူလာတာ ဘာတွေထင်နေတာလဲ"
(နွေး)


"ငါတို့လည်းမသိဘူးလေ နင်ပုံစံကစိတ်ကောက်နေတဲ့ကောင်မလေး‌ကိုလာချော့တဲ့လူနဲ့တူနေတာကို"
(ပျို)


"နော် ပြီတော့နင်ဒီနေ့ထူးထူးခြားခြား အရင်က‌နဲ့မတူဘဲပိုချောနေတော့အဲလို့ထင်သွားတာ"
(နှင်း)

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now