မကြိုက်သင့်သောတီချယ်🫀 P-3

4K 217 6
                                    

တီချယ်နဲ့တပည့်ဇာတ်လမ်းလေးပါရှင့် သင်ကြားရေးစနစ်သစ်ကိုရေးထားခြင်းကြောင့် စနစ်ဟောင်းနဲ့ကွဲလွဲနေတာမျိုးတွေရှိနိုင်ပါတယ် လိုအပ်တာတွေရှိရင်လည်း တောင်းပန်ပါတယ် အမှားပါရင်လည်း ခွင့်လွှတ်ပေးပါနော် 🤍

"မကြိုက်သင့်သော တီချယ်🫀"
အပိုင်း(၃)

"တီချယ် သမီးစာအုပ်တွေ သယ်ပေး‌ ပေးပြီးပြီဆိုတော့ သွားလိုက်အုံးမယ်နော်"

"ခဏနေပါဦး ...ဘာလဲ သမီးက ဆရာမနား မနေချင်လို့လား"

"ရှင်...မဟုတ်ပါဘူး"

မဟုတ်ဘူးသာငြင်းနေတာ နွေးသည်ဆရာမတွေဆို ကြောက်တတ်သူဖြစ်သည် ဒါကြောင့် တီချယ်အနားက ထွက်ပြေးချင်နေ။

"မဟုတ်ဘူးသာ‌ပြောနေတာ လက်ဖျား‌တွေကအေးစက်နေတာပဲ အနားမှာ မနေချင်တာမဟုတ်ဘဲ ကြောက်နေတာလား ကလေးမ"
နွေး၏လက်ကို မထိတထိလာကိုင်သည့် ငယ်။

"ရှန်..." နွေးတစ်ယောက်ဘူးပေါ်သလို့ ပေါ်သွားတာကြောင့် ရှက်သွေးဖြာနေ။

"ဟား..ဟား..ဆရာမကို မကြောက်ပါနဲ့ ကိုက်မစားဘူးသိလား"

"ဟုတ်"

တီ....တီ
ကျောင်းတက်ချိန်

"လာ ဆရာမနဲ့ အတူအတန်းထဲသွားရအောင်"

"ဟုတ်ကဲ့"

ဘုရားရှိခိုး ဆရာမကိုနှုတ်ဆက်ပြီတာနဲ့ စာစသင်လေ၏

ငယ်စာသင်နေချိန် နွေးနဲ့အကြည့်ခဏခဏဆုံမိသား။ သူလေးကတော့ အကြည့်မဆုံအောင်ရှောင်နေတာ တကယ်ချစ်စရာလေး။

_____

"နွေး ဘာတွေစဉ်းစားနေတာလဲ" သံစဉ်ခေါ်နေတာတောင်မကြားဘဲ မနက်ကတီချယ်နဲ့အကြောင်းစဉ်းစားနေမိသတဲ့။

"ဟမ်...ဘာမှမဟုတ်ပါဘူး ဘာလို့ခေါ်တာလဲ"

‌"မုန့်စားကျောင်းဆင်းချိန်ရောက်ရင် ငါနဲ့တစ်နေရာကိုအတူလိုက်ခဲ့ပေး"

"အိုခေ"

တီ...တီ
‌မုန့်စားကျောင်းဆင်းချိန်


"နွေး အမြန်မျို ပြီရင်သွားမယ်"

"အေးပါ မင်းသာအမြန်မျိုစမ်းပါ"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now