မကြိုက်သင့်သောတီချယ်🫀P-2

4.8K 258 5
                                    

တီချယ်နဲ့တပည့်ဇာတ်လမ်းလေးပါရှင့် သင်ကြားရေးစနစ်သစ်ကိုရေးထားခြင်းကြောင့် စနစ်ဟောင်းနဲ့ကွဲလွဲနေတာမျိုးတွေရှိနိုင်ပါတယ် လိုအပ်တာတွေရှိရင်လည်း တောင်းပန်ပါတယ် အမှားပါရင်လည်း ခွင့်လွှတ်ပေးပါနော် 🤍

"မကြိုက်သင့်သော တီချယ်🫀"
အပိုင်း(၂)

ပထမဆုံး စာသင်ချိန်သည်အတန်းပိုင်ရဲ့အချိန်ဖြစ်ပြီ ဘာစာမှမသင်ဖြစ်လိုက်ပါ တီချယ်ရဲ့ ဆုံးမစကား၊ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ခိုင်းတာတွေနဲ့ကြောင့်ပေါ့


"ဆရာမတို့ကျောင်းက ကျောင်းကြီးဆိုပေမဲ့ ဆရာမ မလောက်တာကြောင့် နှစ်ခန်းခွဲရမယ့် အခန်းက တစ်ခန်းဘဲထားနိုင်တာ လူ၇၀ကျော်ဆို‌ပေမဲ့လည်း အဆင်ပြေအောင်ထိုင်ကြနော်"

"ဟုတ်ကဲ့"

တီ.....တီ
အချိန်ပြောင်းချိန်

ဒီလို့နဲ့ အချိန်တွေတစ်ခုပြီတစ်ခုပြောင်းလာတာ မုန့်စားကျောင်းဆင်းချိန်ရောက်လာပြီ။

"နွေး ဘာဟင်းလဲ" ပျိုကဆိုလိုက်သည်။

"ကြက်သားကြော်"

"နင်လည်း ၅တန်းတုန်းကလည်း ကြက်သား အခုထိကြက်သားဟင်းဘဲ မျိုနေတုန်းလားဟ"

နွေး ပြုံးပြလိုက်ပြီ ဘာမှဆက်မပြောတော့ပါ။

ပျို ပြောတာလည်းမှန်ပါတယ် နွေးသည် ၅တန်းကတည်း ကြက်နဲ့ပတ်သက်တဲ့ ဟင်းတစ်မျိုး အမြဲပါလေ့ရှိတယ်။

"နွေး အောက်ဆင်းကြရအောင်"

"အင်း"

ဒီလို့နဲ့ သူတို့ သူငယ်ချင်း၅ယောက် အောက်ဆင်းလာကြသည်။ နွေးတို့အဖွဲ့တွင်နွေးအပါအ၀င် လမင်းကြယ် ပျိုခင်မောင် သံစဉ်ကို နှင်းဆီ‌ ဟု၍ ရှိသည်။

"သံစဉ် ဘာတွေငေးနေတာလဲ"

"ဘာမှ မငေးနေပါဘူး နွေးကသာ နွေး ခွက်ရှ်မမကိုငေးနေပြီတော့" နွေးအနားကပ်တိုးတိုးလေးပြောလိုက်သည်။

နွေးရဲ့ ခွက်ရှ်အကြောင်း သံစဉ်တစ်ယောက်ထဲသာသိသည် နွေးပြောပြလိုက်တာမဟုတ်ဘဲ သူဘာသာရိပ်မိပြီ သိသွားချင်ပေဖြစ်သည်။

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now