မကြိုက်သင့်သောတီချယ်🫀 P-12

3.2K 149 3
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၁၂)



8.9.23 နေ့လယ်ခင်းမှာပေါ့ လူတစ်ယောက်က သူမြတ်နိုးတဲ့ လူကိုငေးကြည့်နေခဲ့တယ်...

မာနငယ်ဆိုတဲ့အမျိုးသမီးလေးကနာမည်နဲ့လိုက်အောင် မာနမကြီးဘူး အခုလည်းကြည့်ပါလား... ကလေးတွေနဲ့စနောက်ပြီ စကားတွေဖောင်ဖွဲ့နေတာ ကလေးကြနေတာပဲ။တီချယ်ရဲ့အပြုံးလေးတွေက ကြည့်နေတဲ့လူကိုပါလိုက်ပြုံးအောင်ဆွဲဆောင်နိုင်တယ် ရယ်ပြီဆိုရင်မျက်စောင်းလေးခဲလိုက်ရမှကိုကျေနပ်တာ။ ကလေးတောင်သူလောက်ကလေးမယ်မထင်။တီချယ်က အစားမက်ပေမဲ့ ကိုယ်ကအစားမမက်ဘူး ဒါပေမဲ့ ကိုယ်က တီချယ်ကိုတော့ မက်တယ်။ အစားမက်ဖို့တီချယ်တာ၀န် ၀ယ်ကျွေးဖို့က ကိုယ်တာ၀န်မို့ စားချင်သလောက်သာစားပါ တီချယ်...အခွင့်ကောင်းရရင် ကိုယ်စားရမယ့်အလှည့်ပေါ့။ ဆရာတပည့်မို့ တွဲလို့မဖြစ်တာက ကိုယ်တို့နှစ်ယောက်ရဲ့စည်း။ မပိုင်ဆိုင်ရတဲ့တီချယ်က သူကိုအဝေးကခိုးကြည့်နေတဲ့ကိုယ်ကိုတွေ့သွားပြီထင်ပါရဲ့...ကိုယ်သဘောကျရတဲ့အပြုံးလေးနဲ့ပြုံးပြနေတာ..မြင်သူတိုင်းကိုဆွဲဆောင်နိုင်လွန်းလှတယ် တီချယ်ရဲ့အပြုံး....။


"ဟိတ် ပိစိ"

"ဗျာ...ပြောပါ"

"ဘာတွေငေးနေတာတုန်း"

"အရမ်းလှတဲ့ရှုခင်းကိုပေါ့"

"ပြပါအုံး အစ်မလည်းကြည့်ချင်လို့"

"နိုး ကိုယ်သဘောကျရတဲ့ရှုခင်းကို ကိုယ်ဘဲအ၀ကြည့်မှာ"

"ကပ်စေးနည်းလေး"

"နည်းသင့်ရင်နည်းရမှာပဲ"

"အိုခေပါ...မုန့်ဈေးတန်းသွားမလို့ လိုက်အုံးမလား မုန့်၀ယ်ကျွေးမယ်လေ"

"ဟုတ် လိုက်မယ် ဘာ၀ယ်ကျွေးမှာလဲ"

"ပိစိကြိုက်တဲ့ ‌ခေါက်ဆွဲပြုတ်"

"ဟုတ်ပြီ "

ဟုတ်တယ်...ကိုယ်ကတီချယ်နဲ့မမနှစ်ယောက်လုံးကိုချစ်မိနေတာ...မမကြတော့5တန်းကတည်းချစ်နေခဲ့တာဖြစ်ပြီ တီချယ်ကိုကြတော့6တန်းနှစ်မှာစချစ်ခဲ့တာ...ဒါပေမဲ့ ကိုယ်ကနှစ်ဖက်ချွန်တော့မဟုတ်ဘူး
ထိုသူနှစ်ယောက်ထဲက တစ်ယောက်ကိုတော့ မတူညီတဲ့တကယ်အချစ်စစ်နဲ့ချစ်နေတာ...ဘယ်သူကိုအချစ်စစ်နဲ့ချစ်မှန်းမသိတာတစ်ခုပဲ။

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now