မကြိုက်သင့်သောတီချယ်🫀 P-28

2.8K 150 12
                                    

မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၈)


ဆေးရုံးဆင်းပြီ၂ရက်အကြာတွင်ကျောင်းပြန်တက်ခဲ့သည်။ထိုနေ့သည်နွေးအတွက်စိတ်ရှုပ်စရာနေ့တစ်နေ့ဆိုလျှင်မမှားနိုင်ပါ။သို့သော်နွေးပုံမှန်အတိုင်းနေနေရသည်။

"နွေး"

"နင်နဲ့တီချယ်ကဘာတွေလဲ"

"မင်းတို့ထင်ချင်သလို့ထင်နိုင်တယ်"

လာမေးသမျှလူတိုင်းကိုလည်းအဖြေတစ်ခုတည်းကိုသာပေးပြီနှုတ်ဆိတ်နေခဲ့သည်။ဒီကိစ္စမှာအကြီးမားဆုံးထိခိုက်သူကနွေးမဟုတ်ပဲတီချယ်မလား။ဆရာမဆိုတဲ့ဂုဏ်ကြောင့်နွေးထက်ပို၍တိုက်ခိုက်ဝေဖန်ပြောဆိုခံရသည်။ဘယ်လောက်ဘဲဂရုမစိုက်ပါဘူးပြောပြောနွေးတီချယ်ကိုစိတ်ပူမိသည်။
ကျောင်းတက်ချိန်တွင်လည်းကလေးတွေရဲ့မလေးမစားအပြုအမူတွေနဲ့ကြုံရသည်။သို့သော်ငယ်သည်အပြုံးမပျက်ခဲ့ပါ။လူနှစ်ယောက်ချစ်ကြိုက်တာအပြစ်များဖြစ်နေသလား။

ဒီလို့နဲ့အချိန်၁ပတ်ကုန်သွားသည်။နွေးတို့စာမေးပွဲအမှတ်လည်းထွက်လာသည်။နွေးသည်ထုံးစံအတိုင်းAll Aရခဲ့သည်။အမြဲရနေကျမို့ထွေထွေထူးထူးမပျော်နေခဲ့ပါ။နွေးအခုချိန်မှာတီချယ်အတွက်ပဲစိတ်ပူနိုင်သည်။သတင်းကတော့အနည်းငယ်ပြန်ငြိမ်နေပြီးနွေးနှင့်ငယ်လည်းလိုင်းပေါ်မှာသာစကားပြောဖြစ်သည်။

တစ်နေ့၇တန်းကနွေးကိုအသေရရအရှင်ရရလိုချင်နေသူဖြစ်သည့်သွန်းပြည့်ခင်ကနွေးအတန်းထဲကို၀င်လာခဲ့သည်။နွေးတစ်ယောက်ထဲထိုင်ခုံမှာထိုင်နေစဉ်-

"ကလေးမ"


"မင်းဘာကိစ္စရှိလို့လဲ"


"ကိစ္စ?....ရှိတာပေါ့ သိပ်ကိုရှိတာ"


"အဲကိစ္စကိုပြောပြီးရင်ပြန် ကိုယ်ကိုလာအာရုံမနောက်နေနဲ့"


"အခုထိမမှတ်သေးဘူးလား မင်းကိုငါဘယ်အဆင့်ထိလုပ်ရမလဲ ပြော"

"ဟမ် မင်းဘာကိုဆိုလိုတာလဲ"

"အော်...ကလေးနဲ့ကလေးချစ်သူကိစ္စလေ ကိုယ်လုပ်တာမလောက်သေးလို့လား"

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now